Homeပြည်တွင်းသတင်းနောင်ချိုတောင်ခမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့တပ်သားတွေသေဆုံးပြီး တပ်သား ၄ ဦး အရှင်ဖမ်းမိ

နောင်ချိုတောင်ခမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့တပ်သားတွေသေဆုံးပြီး တပ်သား ၄ ဦး အရှင်ဖမ်းမိ

၁၇ နိုဝင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းအမြောက်တပ်စခန်း ၃၅၄ နဲ့ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(မစခ) တို့မှာ TNLA တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့ PSLF/TNLA က ထုတ်ပြန်ကြေညာပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ် တပ်မ(၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနဲ့ တပ်သားတွေ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ဘက်ကမှ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

နောင်ချိုမြို့ တောင်ဘက် မိုင် ၂၀ အကွာက တောင်ခမ်းအမြောက်တပ်စခန်းကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို နေ့တိုင်းနီးပါး ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီဟာ နောင်ချိုမြို့နယ် လုံစံကျေးရွာကို နိုဝင်ဘာ ၁၆ ရက်ညပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားမိသားစုမှာ ၁၄ နှစ်အရွယ်ကလေး ၁ ဦးသေဆုံးပြီး ကျန်တဲ့မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရသွားတယ် မြေပြင်သတင်းတွေက ပြောဆိုပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read