Homeပြည်တွင်းသတင်းလှိုင်သာယာ တရုတ်နိုင်ငံသားပိုင်ပန်းပုစက်ရုံမှာ အလုပ်သမားတွေဆန္ဒပြမှု ဆယ်ရက်ကြာတဲ့ထိ ပြေလည်မှုမရ

လှိုင်သာယာ တရုတ်နိုင်ငံသားပိုင်ပန်းပုစက်ရုံမှာ အလုပ်သမားတွေဆန္ဒပြမှု ဆယ်ရက်ကြာတဲ့ထိ ပြေလည်မှုမရ

၁၅ နိုဝင်ဘာ၊ ၂၀၂၄

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် CHARIS COMPANY LIMITED ပန်းပုထုတ်လုပ်တဲ့ စက်ရုံမှာ အချိန်ပိုခ မပေးတဲ့အပြင် အမျိုးသမီးအလုပ်သမားတွေကို ကိုယ်ထိ လက်ရောက်ကျူးလွန်တဲ့အတွက် အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေတာ ဆယ်ရက်ကြာတဲ့ အထိ ပြေလည်မှုမရသေးကြောင်း အလုပ်သမားသမဂ္ဂတွေနဲ့နီးစပ်သူက ဆိုပါတယ်။

အောက်တိုဘာလ ၂၁ ရက်မှာ ရရှိရမယ့်အချိန်ပိုဆုကြေးတွေကို အောက်တိုဘာလ ၃၁ရက် ညနေထိ မပေးတဲ့အတွက် အချိန်ပိုမဆင်းနိုင်ဘူးဆိုပြီး ပြန်တဲ့အမျိုးသမီးအလုပ်သမားငယ် နှစ်ယောက်ကို တရုတ်နိုင်ငံသား စက်ရုံက ဒါရိုက်တာ Mr . wang xiao Junက ဆောင့်တွန်းခဲ့တဲ့အတွက် ပက်လက်လန်လဲကျခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီအမျိုးသမီးဝန်ထမ်းနှစ်ဦးကို နောက်တနေ့မှာ သတိပေးစာမှာ လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် အလုပ်သမားတွေက အချိန်ပိုလခ ရရှိရေး၊ အမျိုးသမီးအလုပ်သမားနှစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့တရုတ်နိုင်ငံသားကို အလုပ်ထုတ်ရေးတို့ကို ဆန္ဒပြတောင်းဆိုမှုတွေ နိုဝင်ဘာလ ၆ ရက်ထဲကလုပ်လာပေမယ့် အခုထိ ညှိနှိုင်းမှု မရှိ ပြေလည်မှုမရတဲ့အပြင် ဆန္ဒပြတဲ့အလုပ်သမားတွေကို တရားစွဲမယ့်အကြောင်း စာကပ်ထားတယ်လို့ ဆိုပါတယ်။

ရာနဲ့ချီတဲ့အလုပ်သမားတွေဟာ ဆန္ဒပြနေဆဲဖြစ်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတဲ့ အလုပ်သမား ဘက်ကနေ ဝင်ရောက်ညှိနှိုင်းပေးတဲ့ အလုပ်သမား WCC တွေကိုပါ အိုတီမခေါ်တော့ဘူးလို့ အပိတ်ခံရတယ်လို့ အလုပ်သမားတွေဘက်က ဆောင်ရွက်နေတဲ့ FGWM – အမျိုးသမီးကော်မတီက ပြောဆိုပါတယ်။

ပုံစာ – Charis စက်ရုံရှေ့ဆန္ဒပြနေတဲ့ ဝန်ထမ်းများ

Photo – FGWM

ဆက်စပ် သတင်းများ

Most read