Homeပြည်တွင်းသတင်းမြန်မာအလုပ်သမားနှစ်ဦးကို သေနတ်နဲ့ပစ်သတ်သွားတဲ့ တရားခံတွေ မဖမ်းမိသေး

မြန်မာအလုပ်သမားနှစ်ဦးကို သေနတ်နဲ့ပစ်သတ်သွားတဲ့ တရားခံတွေ မဖမ်းမိသေး

၁၅ နိုဝင်ဘာ၊ ၂၀၂၄

စမွတ်စခွန်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသား နှစ်ဦးကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို နိုဝင်ဘာလ ၁၄ ရက် မနက်အစောပိုင်းက ရတ်ချဘူရီ၊ ဆွန်ဖန်းခရိုင်မှာ တွေ့ရှိရတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

သူတို့ကို ဆွမ်ဖန်းခရိုင်၊ ပုန်ဆွန်ခို၊ အမှတ် ၇ ရွာကို သွားတဲ့ ကျောက်လမ်းတစ်ခုမှာ တွေ့ရတယ်လို့ သတင်းဝင်လာချိန်က မနက် ၄ နာရီခွဲဝန်းကျင်ဖြစ်ပြီး ဖြစ်ပြီး ရဲ၊ ဆရာဝန်နဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ရောက်ရှိလာတဲ့အခါ အသက်မရှိတော့ဘူးလို့ ဒေသရဲစခန်းက ရဲမှူး ချိုင်ဝတ်ပူရင်သရာပီဘန်က ဆိုပါတယ်။

အသက် ၄၃ နှစ်အရွယ် အောင်ဆန်းဆိုသူမှာ ဝမ်းဗိုက်နဲ့ ခေါင်းကို နှစိချက်ပစ်ခံထားရပြီး ညာလက်မှာလည်း ဒဏ်ရာရထားပါတယ်။ တခြားကျည်ဆံတစ်ခုမှာလည်း လမ်းမပေါ် တွေ့ရပါတယ်။ သူနဲ့အတူ မိုဘိုင်းဖုန်း၊ ငွေသားတစ်ချို့၊ အလုပ်သမားကတ်နဲ့ ယာဉ်မောင်းလိုင်စင်တို့လည်း ကိုယ်ပေါ်မှာ ရှာတွေ့ပါတယ်။

မီတာ ၃၀၀ လောက်အကွာမှာ တခြားသူတစ်ဦးရဲ့အလောင်းကို တွေ့ရပြီး “စောစော”လို့ နောက်ပိုင်းမှာ ဖော်ထုတ်နိုင်ပါတယ်။ သူ့အလောင်းမှာ နောက်ကျောမှာ သေနတ်ဒဏ်ရာဖြစ်ပြီး သွေးအိုင်ထဲလဲနေတာပါ။

အမှတ် ၇ ရွာရဲ့ လက်ထောက်သူကြီးကတော့ ဒီလမ်းဟာ သေနတ်နဲ့လာမှသာ ဖြစ်နိုင်ပြီး ကားနဲ့တခြားယာဉ်ကြီးတွေ ဖြတ်သန်းသွားလာဖို့ ကျဉ်းမြောင်းတယ်လို့ ပြောပါတယ်။ လူသတ်သွားသူတွေက ဒီလမ်းနဲ့အကျွမ်းတဝင်ရှိမယ်လို့ ယူဆတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ဆမွတ်စခွန်မှာ အလုပ်လုပ်နေသူတွေဖြစ်ပြီး ၁၃ ရက် ည ၈ နာရီခွဲဝန်းကျင်ထဲက သူတို့ရဲ့ တခြားသူငယ်ချင်း ၄ ဦးနဲ့အတူ ကားနှစ်စီးနဲ့ ထွက်သွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီ့ထဲက ဖုန်းမကိုင်တော့ဘူးလို့သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ အနီးအနားနဲ့ လမ်းတလျှောက်က cctv တွေကို စစ်ဆေးနေပြီး လူသတ်တရားခံတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေပြီး ဘာကြောင့်သတ်ရတယ်ဆိုတာလဲ မသိသေးဘူးလို့ ဆိုပါတယ်။

Photo – Bangkok Post

ဆက်စပ် သတင်းများ

Most read