Homeပြည်တွင်းသတင်းအမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF)က မြန်မာ့အရေးနဲ့ပတ်သတ်တဲ့ အစီရင်ခံစာ ထုတ်ပြန်

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF)က မြန်မာ့အရေးနဲ့ပတ်သတ်တဲ့ အစီရင်ခံစာ ထုတ်ပြန်

၁ နိဝင်ဘာ၊ ၂၀၂၄

အောက်တိုဘာ ၃၁ ရက်မှာ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF)က မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာ ဖော်ပြထားတာက ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအခြေအနေမှာ ပိုပြီး ဆိုးဝါးလာပြီး အကြမ်း ဖက်စစ်တပ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs တွေက နယ်မြေတွေ စုစည်းပြီး စင်ပြိုင်အစိုးရ ဖွဲ့စည်းဖို့ ကြိုးစားနေကြပါတယ်။

ပြင်းထန်တဲ့ ပဋိပက္ခအခြေအနေတွေကြောင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်အခြေအနေကို အပျက်သဘောဆောင် ထိခိုက်လာပါတယ်။

ဒီအစီရင်ခံစာမှာ စစ်ဘက်နဲ့ အရပ်ဘက်က ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဘာသာရေးအသိုင်း အဝိုင်းကို ထိခိုက်မှုတွေ ၊ များပြားလာတဲ့ စစ်ရှောင်လူဦးရေတွေ ၊ ရိုဟင်ဂျာအပါအဝင် ဒီပဋိပက္ခကို ကမ္ဘာတဝန်းက တုံ့ပြန်မှုတွေကို ဖော် ပြထားတယ်လို့ ဆိုပါတယ်။

ဒီ ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို “အထူးစိုးရိမ်စရာနိုင်ငံ”အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်သတ်မှတ်ဖို့ အကြံပြုချက်ကို USCIRF က ထောက်ခံလိုက်ပြီး မြန်မာနိုင်ငံဟာ Inter national Religious Freedom Act (IRFA) က သတ်မှတ်ထားတဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေကို ပြင်းထန်စွာ ချိုးဖောက်နေတယ်လို့ ထောက်ပြပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလာမှာ အာဏာသိမ်းမှုကြောင့် ဘာသာရေးလူနည်းစုတွေအတွက် အခြေအနေတွေ ပိုမိုဆိုးရွားပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးသွားတဲ့ ဘာသာရေးဒုက္ခသည်တွေအပေါ် သက်ရောက်မှုတွေကို လေ့လာတဲ့ကြားနာပွဲလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် သိန္နီမြို့ ရပ်ကွက် ၃ ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း

Photo – Myanmar Witness

ဆက်စပ် သတင်းများ

Most read