Homeပြည်တွင်းသတင်း"ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး"ဇာတ်ကားကို ဝေဖန်ခဲ့သူဟာဆယ်ရွန် ဖမ်းဆီးခံထားရ

“ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး”ဇာတ်ကားကို ဝေဖန်ခဲ့သူဟာဆယ်ရွန် ဖမ်းဆီးခံထားရ

၃၁ အောက်တိုဘာ၊၂၀၂၄

“ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး”ရုပ်ရှင်ဇာတ်ကားအပေါ် ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင်(ခ)ဟာဆယ်ရွန်ကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူ ကိုရှိုင်းထက်အောင်(ခ)ဟာဆယ်ရွန်ဟာဟာ အောက်တိုဘာလ(၂၆)ရက်မှာ မျက်မမြင်ကျောင်းကို အသံလှူ စာဖတ်ပြခဲ့ပြီးအပြန်မှာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး အောက်တိုဘာလ(၃၀)ရက် ညပိုင်းက ဖမ်းဆီးခံရကြောင်း သတင်းထုတ်ပြန်ချက် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ(၂၉)ရက် ညနေပိုင်းက လှိုင်မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူခံထားရတာဖြစ်တယ်လို့ အောက်တိုဘာလ၃၀ရက် ညက သတင်းထုတ်ပြန်ထားပါတယ်။

ဟိန္ဒူရိုးရာဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ “ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး” ရုပ်ရှင်နဲ့ပတ်သတ်ပြီး လူ့မူကွန်ယက်ကနေ လူသိရှင်ကြား ဝေဖန်ခဲ့တဲ့တစ်ဦး ပျောက်ဆုံးနေတယ်လို့ အောက်တိုဘာလ ၂၇ ရက်ကစပြီး မိသားစုဝင်နဲ့ နီးစပ်သူ မိတ်ဆွေတွေက လူမှုကွန်ယက်မှာ တင်ထားတာ ဖြစ်ပါတယ်။

ရုပ်ရှင်ခေါင်းစဉ်ဟာ ဟိန္ဒူရိုးရာ၊ ယဉ်ကျေးမှု၊ လူမျိုးစုတစ်ခုလုံးကို နှိမ့်ချတာဖြစ်တယ် ဆိုပြီး ကိုဟာဆယ်ရွန်ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ အောက်တိုဘာလ ၂၄ ရက်က ဝေဖန်ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်လမ်းတိုတွေကို မိတ်ဆွေတွေနဲ့ အပျော်တမ်းရိုက်ကူးနေသူတစ်ဦး ဖြစ်တဲ့ ကိုဟာဆယ်ရွန်ပျောက်ဆုံးနေကြောင်း ရဲစခန်းကို တိုင်ကြားထားတယ်လို့ သူ့မိတ်ဆွေတွေက လူမှုကွန်ယက်မှာ အသိပေးထားပါတယ်။ အောက်တိုဘာ ၂၆ ထဲက ပျောက်ဆုံးနေပြီး အောက်တိုဘာ ၃၀ညပိုင်းမှာမှ အောက်တိုဘာ ၂၉ရက်မှာ ဖမ်းဆီးလိုက်ကြောင်း သတင်း ထုတ်ပြန်တာ ဖြစ်ပါတယ်။

Photo – ဟာဆယ်ရွန်လူမှုကွန်ယက်မှ

ဆက်စပ် သတင်းများ

Most read