၃၀ အောက်တိုဘာ၊ ၂၀၂၄
နောင်ချိုမြိုနယ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင်(၃၀၀)ဗုံး(၂)လုံးအပါအဝင် ဗုံး(၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ(၁)ဦးသေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
အောက်တိုဘာလ(၂၇)ရက်နေ့ ည(၇း၄၅)မိနစ်အချိန်ခန့်က စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ နောင်ချိုမြိုနယ်ရှိ သပြေရပ်ကွက်နေ ပြည်သူတွေကို ဦးတည်ပြီး ပေါင်(၃၀၀) (၂)လုံးနဲ့ ည(၈း၁၅)မိနစ်အချိန်မှာ ဗုံး(၉)လုံး စုစု ပေါင်း (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြိုနယ် သပြေရပ်ကွက်နေ အသက်(၆၀)နှစ်ရှိ ဦးသိန်းထွန်း အမျိုးသား(၁)ဉီး သေဆုံးခဲ့ရပြီး အသက်(၅၀)ဝန်းကျင်ရှိ ဒေါ်ပု အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၃)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာလ(၂၈)ရက်နေ့၊ နံနက်အစောပိုင်း(၂)ခွဲနာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ မုံးစီးမြိုနယ် ရေပူစမ်းအနီးကို ဗုံး(၈)လုံးထက်မနည်း လာရောက်ကြဲချခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်အဆောက် အဦးတစ်ချို ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ(၂၇)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ကာ နမ့်ခမ်းမြို စခန်းသစ်အနီးတွင် ဗုံး(၂)လုံး၊ မန်ဆာနတ်စဉ်ကုန်းနဲ့ လယ်ကွက်နားမှာ ဗုံး(၆) စုစုပေါင်း ဗုံး(၈)လုံး လာရောက်ကြဲချခဲ့ခြင်းကြောင့် လူထိခိုက်မှုမရှိသော်လည်း ဒေသခံတွေစပါးခင်းတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
၁၀၂၇စစ်ဆင်ရေးတွင် စစ်ရှုးနေတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့တဲ့ မြို့နယ်၊ ကျေးရွာနဲ့ နေရာဒေသတွေကို လေကြောင်းနဲ့ နေ့စဉ်ရက်စက် အသုံးပြုတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ထိခိုက်သေဆုံးမှုရှိသလို ပြည်သူပိုင်နေအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက် အဦးများလည်း ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
Photo – PSLF/TNLA