Homeပြည်တွင်းသတင်းနောင်ချိုမြို့နဲ့ နမ့်ဆန်မြိုတို့မှာ စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၃၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်

နောင်ချိုမြို့နဲ့ နမ့်ဆန်မြိုတို့မှာ စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၃၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်

၂၁ အောက်တိုဘာ၊ ၂၀၂၄

အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက TNLA တပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ နမ့်ဆန်မြို့‌တွေမှာ

စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) နှစ်လုံး အပါအဝင် ဗုံး(၈)လုံး လာရောက်ကြဲချတဲ့အတွက် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၁ ရက် နံနက် (၁း၁၀)ဝန်းကျင်မှာ နောင်ချိုမြို့ သပြေရပ်ကွက်ကို ပေါင် (၃၀၀)ဗုံး (၂)လုံးနဲ့ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဦးဂိုကာနတ်ရဲ့ နေအိမ်နဲ့ ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

အောက်တိုဘာလ ၂၁ ရက် (၈း၃၀)ဝန်းကျင်မှာ နမ်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းတော်ကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၉ ရက်မှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ (၄)ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သတင်းကျွတ်လပြည့်ညကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ပုံစာ – အောက်တိုဘာ ၂၁ မနက်ပိုင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြိုနဲ့ နမ့်ဆန်မြို့တို့မှာ ပျက်စီးမှုမြင်ကွင်းများ

Photo – PSLA/TNLA

ဆက်စပ် သတင်းများ

Most read