၁၉ အောက်တိုဘာ၊၂၀၂၄
လူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်တဲ့ Ludovic Trarieux International Human Rights Prize ဆုကို အမျိုးသားညီညွတ်ရေးအစိုး လူ့အခွင့်ရေားရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက သူမကိုယ်စား လက်ခံရယူခဲ့ပါတယ်။
ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်အုပ်စုကနေ မတရားဖမ်းဆီး အပြစ်ပေးမယ်ဆိုတာ သိပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးရရှိရေးကို သတ္တိရှိရှိကူညီဆောင်ရွက်ပေးတဲ့ သူမဟာ ဒီလူ့အခွင့်အရေးဆုနဲ့ ထိုက်တန်သူတစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက သူမပြောခဲ့ဖူးတဲ့စကားတစ်ခု ရှိပါတယ် “ကြားနာမှုမရှိပဲ ဘယ်သူမှစီရင်ပိုင်ခွင့်မရှိဘူး” ဆိုတဲ့စကားပါပဲ။ ဒီစကားအတိုင်းပဲ မတရားဖမ်းဆီးခံခဲ့ရသူတွေ တရားရေး ဆိုင်ရာအခွင့်အရေးရဖို့ တက်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါလို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာရေး သားဖော်ပြထားပါတယ်။
သူမကိုယ်တိုင်သာ ဒီအခမ်းအနားတက်ရောက်ပြီး စကားပြောကြားခွင့် ရရှိခဲ့မယ်ဆိုရင် ဒီဆုဟာ သူမထက် မြန်မာပြည်သူတွေရဲ့ဆုလို့ ပြောမယ်ထင်တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
ဒါ့အပြင် သူမအနေနဲ့ မြန်မာ့အရေးကို စိုးရိမ်ပူပန်နေယုံသာမကပဲ ဖမ်းဆီခံနေရသူများ အားလုံးကို လွတ် မြောက်အောင်ကြိုး ပမ်းဖို့ အကြမ်းဖက်စစ်အုပ်စုကို ဘဏ္ဍာငွေကြေး၊ လေယာဉ်ဆီ နဲ့လက်နက်တွေ တင်ပို့ ရောင်းချတာတွေကို ဖြတ်တောက်ဖို့၊ စစ်ရာဇဝတ်သားတွေကို နိုင်ငံတကာတရားစီရင်မှု လမ်းကြောင်းအရ ထိရောက်စွာ အရေးယူနိုင်ဖို့၊ ပြည်သူတွေလိုလားတဲ့ ဖက်ဒရာယ်ဒီမိုကရေစီ နိုင်ငံသစ်ကို ဖော်ဆောင်နိုင်ဖို့ တောင်းဆိုမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ လွပ်လပ်မှုနဲ့ တရားမျှတမှုတွေ ပြန်လည်ဖော်ဆောင်နိုင်တဲ့နေ့ကျရင် ဒီဆုရဲ့ ပိုင်ရှင်အစစ်အမှန်ဖြစ်တဲ့ သူမလက်ထဲကို ကိုယ်တိုင်လွှဲပြောင်းပေးအပ်နိုင်မယ်လို့ ခိုင်ခိုင်မာမာယုံကြည် တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောဆိုထားပါတယ်။
ပုံစာ- Ludovic Trarieux International Human Rights Prize ဆုအား ဦးအောင်မျိုးမင်း လက်ခံရယူစဉ်
Photo- Aung Myo Min facebook