Homeပြည်တွင်းသတင်းနောင်ချိုမြို့ တောင်ရပ်ကွက်နဲ့ ရွှေမုဠောဘုရားဝန်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ ထပ်မံလာရောက်ဗုံးကြဲ

နောင်ချိုမြို့ တောင်ရပ်ကွက်နဲ့ ရွှေမုဠောဘုရားဝန်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ ထပ်မံလာရောက်ဗုံးကြဲ

၁၆ စက်တင်ဘာ၊၂၀၂၄

TNLA ထိန်းချုပ်ထားတဲ့ နောက်ချိုမြို တောင်ရပ်ကွက် နဲ့ ရွှေမုဠောဘုရားဝန်းအတွင်းကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ ထပ်မံလာရောက်ဗုံးကြဲ တိုက်ခိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ ည(၁၂း၀၀)နာရီအချိန်မှာ စစ်ကောင်စီတပ်က ဖျက်အားပြင်းလက်နက်ကြီးဖြစ်တဲ့ ပေါင် (၅၀၀)ဗုံး (၃)လုံး နဲ့ လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် ဒေသခံနေအိမ် (၅)လုံး ထိခိုက် ပျက်စီး သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အပြင် လူနေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေတဲ့ မြိုတွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို နဲ့ နမ့်ခမ်း မြို့တွေက အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး နေ့စဥ်လာ ရောက်ဗုံးကြဲတိုက်ခိုက်နေကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ကောင်စီရဲ့ ပေါင် ၅၀၀ ဗုံးထိမှန်ခဲ့သည့် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ အရပ်သားနေအိမ်များ

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read