Homeပြည်တွင်းသတင်းတာမွေမှာ အမျိုးသား ၂ ယောက်က အဖွားအိုတဦးတည်းရှိနေတဲ့ တိုက်ခန်းကို ဝင်ပြီး အဖွားအိုကို ထိုးကြိတ်၊ ရိုက်နက် ပစ္စည်းလုယူမှုဖြစ်ပွား

တာမွေမှာ အမျိုးသား ၂ ယောက်က အဖွားအိုတဦးတည်းရှိနေတဲ့ တိုက်ခန်းကို ဝင်ပြီး အဖွားအိုကို ထိုးကြိတ်၊ ရိုက်နက် ပစ္စည်းလုယူမှုဖြစ်ပွား

၁၉ သြဂုတ်၊၂၀၂၄

ရန်ကုန်မြို့ တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် ၁၆၆ လမ်း ၄ လွာမှာသြဂုတ်လ ၁၈ရက် ညပိုင်းအချိန်က အဖွားအိုတဦးထဲနေအိမ်မှာ ရှိနေတုန်း အမျိုးသား ၂ ဦးက ဝင်ရောက်ပြီး အဖွားအိုကို ရိုက်နက် လုယက်ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အဲ့ဒီအမျိုးသား ၂ ယောက်ဟာ အဖွားအိုကို ထိုးကြိတ်တာ၊ လည်ပင်းညှစ်တာ၊မျက်နှာကိုခေါင်းအုံးနဲ့ဖိတာတွေပါ လုပ်ခဲ့ပြီး ရွှေ၊ငွေတွေ လုယက်ဖို့ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအချိန်မှာ အပြင်ကပြန်လာတဲ့ အဖွားရဲ့ သမီးဖြစ်သူက တံခါးဖွင့်မရတာကြောင့် တိုက်ခန်းနေသူတွေကို အကူအညီတောင်းပြီး တံခါးဖျက်ဝင်ရောက်ရာ လုယက်သူ ၂ ဦးက ပြတင်ပေါက်ကနေ ခုန်ချထွက်ပြေးခဲတယ်လို့ ဆိုပါတယ်။

ထွက်ပြေးတဲ့ သူတွေကို ပတ်ဝန်းကျင်ပြည်သူတွေက လိုက်လံဖမ်းဆီးရာမှာ လုယက်သူ ၁ဦးကိုဖမ်းမိခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။ လုယက်သူထွက်ပြေးသွားသူဆီမှာ အဖွားအိုရဲ့ ရွှေ၊ငွေ အချို့ပါသွားတယ်လို့ သိရပါတယ်။

Photo – တာမွေကြီး ရပ်ကွက်နေပြည်သူတဦး

ဆက်စပ် သတင်းများ

Most read