Homeပြည်တွင်းသတင်းအရက်သောက်ပျော်ပါးနေတဲ့ ရဲ ၃ ယောက်ကို ကျိုက်ထို တော်လှန်ရေးအဖွဲ့ ဖမ်းဆီး

အရက်သောက်ပျော်ပါးနေတဲ့ ရဲ ၃ ယောက်ကို ကျိုက်ထို တော်လှန်ရေးအဖွဲ့ ဖမ်းဆီး

၁၅ ဩဂုတ်၊ ၂၀၂၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းကျေးရွာ ကဒက်ချောင်းအပန်းဖြေစခန်းကို လာရောက်တဲ့

ရဲတပ်သားသုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRFက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီထားတဲ့ ရဲတပ်သား သုံးဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က ကဒက်ချောင်းအပန်းဖြေစခန်းရှိ အရက်ဆိုင်တစ်ခုမှာ ကျိုက်ထို KRF တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခဲ့တဲ့ ရဲတပ်သား သုံးဦးမှာ ကျိုက်ထိုမြို့မရဲစခန်းနဲ့ သထုံခရိုင်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read