Homeနိုင်ငံတကာသတင်းဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို လူသတ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ အမိန့်ချ

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို လူသတ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ အမိန့်ချ

၁၄ သြဂုတ်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ ပစ်ခတ်နှိမ်နင်းတာကြောင့် ဆန္ဒပြပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့တဲ့အတွက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနဲ့ တခြားအာဏာပိုင်တွေကို လူသတ်မှုအတွက် စုံစမ်းစစ်ဆေးမှုတွေ စလုပ်ဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ရုံးက သြဂုတ် ၁၃ ရက်မှာ အမိန့်ချမှတ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန္ဒပြပွဲတွေမှာ ရှိတ်ဟာစီနာနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းတာကြောင့် လူ ၃၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒီသေဆုံးမှုတွေအတွက် ဝန်ကြီးချုပ်ဟောင်းကို ပထမဆုံး တရားစွဲဆိုတဲ့ အမှုဖြစ်ပါတယ်။

ပြီးခဲတဲ့ ဇူလိုင်လ ၁၉ ရက်က ဒါကာမြို့က ကုန်စုံဆိုင်ပိုင်ရှင် အဘူဆာရိဒ်ဟာ လမ်းဖြတ်ကူးနေတုန်း ဆန္ဒပြကျောင်းသားတွေကို ဖြိုခွင်းနေတဲ့ ရဲတပ်ဖွဲ့တွေ ပစ်လိုက်တဲ့ ကျည်ဆန် ထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရှိတ်ဟာစီနာနဲ့ အာဏာပိုင်တချို့ဟာ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ပြင်းပြင်းထန်ထန် ပစ်ခတ်နှိမ်နှင်းဖို့ တိုက်တွန်းခဲ့တာကြောင့် ဒီသေဆုံးမှုတွေအတွက် တာဝန်ရှိတယ်လို့ သေသူကို ကိုယ်စားပြုအမှုဖွင့်တိုင်ကြားတဲ့ အမီရာဟမ်ဇာက ပြောဆိုကြောင်း ရိုက်တာက ဖော်ပြပါတယ်။

တရားလိုဟာ သေဆုံးသူရဲ့ မိသားစုဝင်မဟုတ်ဘဲ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာရဲ့ လုပ်ရပ်တွေအတွက် ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ ပထမဆုံး ကြိုးစားတဲ့ သာမန်ပြည်သူတစ်ဦးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်နေရာကို ၁၅ နှစ် ဆက်တိုက် ရယူထားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့ အိမ်တော်ကို ဆန္ဒပြသူတွေက သြဂုတ် ၅ရက်က ဝင်ရောက်စီးနင်းခဲ့ပါတယ် ။ သူမက အိန္ဒိယနိုင်ငံကို စစ်ဘက်ရဟာတ်ယာဥ်နဲ့ ထွက်ပြေးခိုလှုံခဲ့ပါတယ်။

လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် ခေါင်းဆောင်တဲ့ ကြားဖြတ် အစိုးရက အုပ်ချုပ်နေပါတယ်။

Photo:Reuters/BSS

ဆက်စပ် သတင်းများ

Most read