Homeနိုင်ငံတကာသတင်းတပ်ဖွဲ့ဝင်တွေကို မသင့်တော်တဲ့ ပြစ်ဒဏ်ပေးခဲ့တဲ့အရာရှိတွေကို ထိုင်းတော်ဝင်တပ်မတော် အရေးယူဖို့ စစ်ဆေး

တပ်ဖွဲ့ဝင်တွေကို မသင့်တော်တဲ့ ပြစ်ဒဏ်ပေးခဲ့တဲ့အရာရှိတွေကို ထိုင်းတော်ဝင်တပ်မတော် အရေးယူဖို့ စစ်ဆေး

၆ ဩဂုတ်၊ ၂၀၂၄

တပ်သား ဆယ်ယောက်ကို အဝတ်မပါဘဲ မိုးရေထဲ ငါးနာရီကျော် မတ်တပ်ရပ်ခိုင်းခဲ့တဲ့ စစ်အရာရှိတွေကို စစ်ဆေးအရေးယူသွားမယ်လို့ ထိုင်းတော်ဝင်တပ်မတော်က ပြောကြားသွားကြောင်း ဘန်ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။
ထိုင်းတော်ဝင်တပ်မတော်ရဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် Richa Suksuwanonဟာ ဩဂုတ်လ ၅ ရက်မှာ ဒီလို အပြုအမူတွေဟာ မှားယွင်းကြောင်းနဲ့ ဗိုလ်ချုပ်ကြီး Charoenchai Hinthao ကလည်း တပ်သားတွေ စည်းကမ်းဖောက်ဖျက်ရင် တပ်စည်းကမ်းအရပဲ အရေးယူရမှာဖြစ်ပြီး မသင့်တော်တဲ့ အလွန်အကျွံ အပြစ်ပေးမှုတွေကို အမြဲတမ်း ရှုတ်ချတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ချင်းမိုင်မြို့က ဘုရင့်အစောင့်တပ်မှာ ဖြစ်ပွားခဲ့ပြီး အပြစ်ပေးခံရတဲ့ တပ်သားရဲ့ ညီမဖြစ်သူက Facebook မှာ တင်ပြီး တိုင်ကြားခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

သူမရဲ့ ဖော်ပြချက်အရ တပ်ဖွဲ့ဝင်တွေဟာ ရိုက်နှက်၊ ကန်ကျောက်၊ တက်နင်းခံရတဲ့အပြင် မိုးရေထဲမှာ ၆ နာရီနီးပါး အဝတ်မပါဘဲ မတ်တပ်ရပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၂ ဖွဲ့ခွဲစုံစမ်းသွားမှာ ဖြစ်ပြီး ထိုင်းတော်ဝင်တပ်မတော်နဲ့ ကာကွယ်ရေးဝန်ကြီး Sutin Klungsang ရဲ့ စည်းကမ်းမူဝါဒကို ချိုးဖောက်ထားတာတွေ့ရင် အပြစ်ပေးအရေးယူမယ်လို့ ဗိုလ်မှူးချုပ် Richa က ဆိုပါတယ်။

စစ်တပ်က အရာရှိတွေ အရက်မူးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း သူက စုံစမ်းနေတယ်လို့ ပြောပါတယ် ကိုယ်လုံးတီးချွတ်ဖို့ အမိန့်ပေးတဲ့ အရာရှိတွေကို ရာဇ၀တ်မှုနဲ့ စွဲချက်တင်နိုင်ခြင်း ရှိ၊ မရှိ မေးခွန်းကို Col Richa က ဖြေကြားခဲ့ခြင်း မရှိပါဘူး။

Photo – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read