Homeပြည်တွင်းသတင်းကရင်ပြည်နယ်အတွင်းက မူး၊ဆောထိနဲ့လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများ ရေကြီးရေလျှံနေမှုကြောင့် အရေးပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်

ကရင်ပြည်နယ်အတွင်းက မူး၊ဆောထိနဲ့လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများ ရေကြီးရေလျှံနေမှုကြောင့် အရေးပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်

၂၉ ဇူလိုင်၊၂၀၂၄

ကရင်ပြည်နယ် ကော်သူးလေအုပ်ချုပ်နယ်မြေ အတွင်းရှိ မူး၊ဆောထိနဲ့လယ်ဒိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ဒေသခံပြည်သူ လူထုများအနေဖြင့် နေရာအနှံအပြား ရေများအဆက်မပြတ်မြင့်တက်လာခြင်းကြောင့် ဒေသခံတွေအတွက် အရေးပေါ်လူသား ခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ကရင်အမျိုးအသား အစည်းအရုံး KNU ရဲ့ လက်ရှိ အချိန်ထိကောက်ယူထားတဲ့ စာရင်းတွေအရ မူးမြို့နယ် အတွင်းရှိ (၁) တခေါ်ပွါ၊ (၂) ဝေဆွဲ၊ (၃) ဝဲကြီး၊ (၄) လူအ၊ (၄) နံနမိတ်၊ (၅) မိတ်သလင်၊ (၆) အုန်းချစ်ကုန်း၊ (၇) ရေတွင်းကုန်း၊ (၈) တမာခေါ၊ (၉)ဟောခို့ဂေါ် ကျေးရွာတွေ ရေကြီးနှစ်မြုပ်နေတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ဆောထိမြို့နယ်အတွင်းရှိ (၁) ပျဉ်ရေ၊ (၂) ဝိုင်ကျွန်း၊ (၃) အောဖလား၊ (၄) ထမင်းရုံ၊ (၅) အင်းဂနီ၊ (၆) ကျောက်တန်း၊ (၇) ဆုန်ကုံး၊ (၈) ဆုန်တွဲ ကျေးရွာတွေနဲ့ လယ်ဒိုမြို့နယ်အတွင်းရှိ (၁) ပဒဲကော၊ (၂) ဘောက ထာ၊ (၃) ကော်သာစေ၊ (၄) မဘီကြီး၊ (၅) မဘီးလေး၊ (၆) ငဖယ်အင်း ကျေးရွာတွေမှာ ရေကြီးရေလျှံ မှုများဖြစ် ပေါ်နေပြီး အစားအသောက် ၊ဆေးဝါးနဲ့ မိုးကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုကြောင့် ဒေသအတွင်းရှိ လယ်ယာမြေအမြောက်အများ ပျက်စီးဆုံးရှုံးလျှက်ပြီး ဆောထိမြို့နယ် လယ်ဝါးကျေးရွာ အတွင်းမှာလည်း လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြည်သူလူထုပိုင်နေအိမ် အမြောက် အများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Photo – KNU

ဆက်စပ် သတင်းများ

Most read