Homeပြည်တွင်းသတင်းကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို မတရားကွပ်မျက်မှု နှစ်နှစ်ပြည့်မြောက် အမှတ်အသား အမေရိကန်သံရုံး ပြုလုပ်

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို မတရားကွပ်မျက်မှု နှစ်နှစ်ပြည့်မြောက် အမှတ်အသား အမေရိကန်သံရုံး ပြုလုပ်

၂၃ ဇူလိုင်၊ ၂၀၂၄

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ ၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ သေဆုံးချင်း နှစ်နှစ်ပြည့်မြောက် နဲ့နှစ် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့ ရှိ အမေရိကန်သံရုံးက ဒီကနေ့ မနက်ပိုင်းမှာ သူတို့ လေးဦးအတွက် အထိမ်း အမှတ် အမှတ်အသားပြုလုပ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှာ အင်းစိန်ထောင်အတွင်း အကျဉ်းကျခံနေရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ သော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦးကို စစ်ကောင်စီက ကြိုတင်ကြေညာခြင်းမရှိဘဲ ဥပဒေမဲ့ ကွပ်မျက်သတ်ဖြတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

အာဏာရှင်စစ်ကောင်စီကြောင့် အသက်သေဆုံးခဲ့ကြရတဲ့သူတွေကို ဂုဏ်ပြုတဲ့ အမှတ်တရအထိမ်း အမှတ်နေရာမှာ ဒီနေ့အထိ အမှတ်အသားကျောက်တုံး ၅၄၀၀ နီးပါး ထားရှိခဲ့ပြီးဖြစ်သလို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး တဟုန်ထိုးမြင့်တက်နေတဲ့ မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေ ကြောင့် အသက်ဆုံးရှုံးရသူတွေအတွက် ပူဆွေးသောကရောက်ရကြောင်းလည်း သူတို့ရဲ့ သံရုံးစာမျက်နှာမှာ ထုတ်ပြန်ရေးသားထားတာကို တွေ့ရပါတယ်။

ဆက်စပ် သတင်းများ

Most read