Homeပြည်တွင်းသတင်းပုဂ္ဂလိကဘဏ်တွေမှာ ငွေကို တစ်ပတ်မှာ သိန်းတစ်ရာထိ ထုတ်ယူလို့ရ ၊ Special Account ကို ဘဏ်မှာ ရှိငွေနဲ့ ညှိပြီး...

ပုဂ္ဂလိကဘဏ်တွေမှာ ငွေကို တစ်ပတ်မှာ သိန်းတစ်ရာထိ ထုတ်ယူလို့ရ ၊ Special Account ကို ဘဏ်မှာ ရှိငွေနဲ့ ညှိပြီး ထုတ်ယူလို့ရ

၁၅ ဇူလိုင်၊ ၂၀၂၄

ပုဂ္ဂလိကဘဏ်တွေမှာ မိမိတို့ ငွေစာရင်းထဲက တစ်ပတ်ကို သိန်းတစ်ရာထိ ထုတ်ယူလို့ ရနေပြီလို့ သိရပါတယ်။

“KBZ ပြည်လမ်းဘဏ်မှာ လူကတော့ အယောက် ၄၀ ၅၀ လောက် ရှိနေတယ်။ မနက်ထဲက ထုတ်လို့ ရတယ်လို့ အချင်းချင်းပြောကြ သတင်းပေးကြရာက လူတွေများလာတာ၊ စောင့်ပြီးထုတ်ပါမယ်” လို့ ဘဏ်မှာ ငွေသွားထုတ်သူတစ်ဦးက ပြောပါတယ်။

KBZ ၊ UAB ၊ CB ၊ AYA၊ A Bank ၊ Yoma စတဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ အစိုးရဘဏ်တွေကို ဗဟိုဘဏ်က ငွေသားဖြည့်တင်းပေးထားတယ်လို့ သိရပါတယ်။

” ကျွန်တော်ကတော့ တိုးပြီး ထုတ်မနေဘူး၊ လူတွေ ငြိမ်သွားတဲ့တစ်ရက်နှစ်ရက်လောက်မှ သွားထုတ်မယ်။ လူတွေက အဲ့လိုတွေ ရှိသမျှ အကုန်ထုတ်နေမယ်ဆိုရင်တော့ ငွေသားတွေ ထပ်ကုန်သွားမှာပဲ ။ ငွေထပ်ရိုက် ရင်တော့ ငွေဖောင်းပွတာတွေ ထပ်ဖြစ်လာမှာပဲ။ အကြောက်မလွန်ဖို့ပဲ လိုတယ်၊ ကျွန်တော်ဆို ငွေသားပြတ် သွားချိန်မှာ Banking နဲ့ ဝယ်လို့ရတဲ့နေရာတွေကပဲ ဝယ်တယ်။ အသားငါး အသီးအရွက်ကအစ Super Market တွေ မှာဝယ်လိုက်တယ်၊ ဈေးလဲ မကွာသလို တွက်ကြည့်ရင် ရာခိုင်နှုန်းနဲ့ထုတ်ပြီး သုံးတာက ပိုရှုံးပါတယ်” လို့ ရန်ကုန်မြို့နေ လူတစ်ဦးက ပြောပါတယ်။

ပုဂ္ဂလိကဘဏ်တွေမှာ ဇူလိုင်လဆန်းထဲက Yoma၊ AYA၊ UAB၊ Myanmar Citizen အပါအဝင် ဘဏ်တချို့ ကို ပိတ်သိမ်းအရေးယူတော့မယ်ဆိုတဲ့ သတင်းကြောင့် လူတွေ ဘဏ်ထဲရှိသမျှငွေသားတွေကို ထုတ်ယူပြီး ရွှေနဲ့ နိုင်ငံခြားငွေများအပြိုင်လုဝယ်ကြပြီး ရွေဈေးမှာ သိန်း ၆၀ ဝန်းကျင် အထိ မြင့်တက်ခဲ့ပါတယ်။

Photo – The Nation

ဆက်စပ် သတင်းများ

Most read