Homeပြည်တွင်းသတင်းဝက်လက်မြို့နယ်မှာ အသတ်ခံရတဲ့ ဗကသအဖွဲ့ဝင် Grade 11 ကျောင်းသား မောင်မြင့် မြတ်ဦးရဲ့အမှုမှာ ကျူးလွန်သူတွေကို အမြန်ဆုံးအရေးယူပေးသွားမယ်လို့ NUG ထုတ်ပြန်

ဝက်လက်မြို့နယ်မှာ အသတ်ခံရတဲ့ ဗကသအဖွဲ့ဝင် Grade 11 ကျောင်းသား မောင်မြင့် မြတ်ဦးရဲ့အမှုမှာ ကျူးလွန်သူတွေကို အမြန်ဆုံးအရေးယူပေးသွားမယ်လို့ NUG ထုတ်ပြန်

၁၁ ဇူလိုင်၊ ၂၀၂၄

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ စိုင်နိုင်ကြီးရွာမှာ ဗကသအဖွဲ့ဝင် Grade 11 ကျောင်းသား အသက် ၁၆ နှစ်အရွယ် မောင်မြင့်မြတ်ဦး လူမဆန်စွာ သတ်ဖြတ်ခံလိုက်ရတဲ့အပေါ် ကျူးလွန်သူတွေကို စုံစမ်းဖော် ထုတ်ပြီး အမြန်ဆုံးအရေးယူပေးသွားမှာဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေး ဝန်ကြီးဌာနက ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် မောင်မြင့်မြတ်ဦးဟာ ဇူလိုင်လ ၈ ရက် ည ၈ နာရီဝန်းကျင်မှာ ရွာပြင်သုဿန်မှာ အင်တာနက်သုံးပြီးအပြန်မှာ လည်ပင်းကို လှီးဖြတ် အသတ်ခံ လိုက်ရတာ ဖြစ်ပါတယ်။

ဗကသအဖွဲ့က ကျောင်းသား တစ်ယောက်သတ်ဖြတ်ခံရတာနဲ့ပတ်သတ်ပြီး ဖြေရှင်းပေးဖို့ ဇူလိုင်လ ၁၀ ရက်မှာ NUG ရဲ့ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ ပညာရေးဝန်ကြီးဌာနတွေကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

နွေဦးတော်လှန်ရေးမှာ ကလေးသူငယ်တွေကို အသက်ရှင်ခွင့်၊ လွတ်လပ်စွာ ပညာသင်ယူခွင့်၊ ဘေးကင်းလုံ ခြုံစွာနေထိုင်ခွင့်တွေကို ချိုးဖောက်တဲ့ ဖြစ်စဉ်တွေမှာ အမိန့်ပေးစေခိုင်းသူတွေနဲ့ ကျူးလွန်တဲ့သူတွေဟာ တာဝန်ခံရမယ်လို့လည်း ဗကသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်မတိုင်ခင် စိုင်နိုင်ကြီး ကျောင်းသားသမဂ္ဂကို အစောကတည်းက ရပ်ကျေး ပအဖ၊ ပကဖတွေက သဘောမကျတာ လက်မခံချင်တာတွေလည်း အရင်က ဖြစ်ခဲ့ဖူးတယ် လို့ သိရပြီး ကျောင်းသားသမဂ္ဂမှ ကျောင်းသားရဲဘော်တွေ မြေပြင်မှာ ဖိနှိပ်ခံရခြင်းတွေနဲ့ပတ်သတ်ပြီး အကြိမ်ကြိမ် ဝန်ကြီးဌာနတွေဆီ စာပို့အကြောင်းကြားခဲ့ပေမယ့် ဘယ်ဌာနကမှ အရေးယူခြင်းမရှိဘူးလို့ ရေးသားထားပါတယ်။

ဆက်စပ် သတင်းများ

Most read