Homeပြည်တွင်းသတင်းတရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် စစ်ကောင်စီ သတ်မှတ်

တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် စစ်ကောင်စီ သတ်မှတ်

၉ ဇူလိုင်၊ ၂၀၂၄

တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက် အဖြစ် စစ်ကောင်စီက သတ်မှတ်တယ်လို့ ဇူလိုင်လ ၈ ရက်မှာ စစ်ကောင်စီ လက်အောက်ခံ မြဝတီသတင်းဌာနက ထုတ်ပြန် ကြေညာပါတယ်။

ဒီလိုသတ်မှတ်ဖို့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်တို့ ၂၀၂၃ ခုနှစ်ထဲက ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်မှု ပိုပြီး ခိုင်မာချင်တဲ့အတွက် သတ်မှတ်တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ဖော်ပြပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ် ပြက္ခဒိန်မှာ တရုတ်နှစ်သစ်ကူးနေ့ကို (Gazetted Holiday)အဖြစ် တရားဝင် ထည့်သွင်းသတ်မှတ်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံဖို့ တရုတ် ထိပ်တန်းအရာရှိတွေဟာ မြန်မာနိုင်ငံထဲကို မကြာခဏ လာသလို ဇွန်လကုန်မှာ သမ္မတဟောင်းဦးသိန်းစိန် တရုတ်နိုင်ငံသွားရောက်ခဲ့သလို လက်ရှိမှာ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ လက်ရှိမှာ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နဲ့ ဆက်ဆံရေးပိုတိုးတက်အောင် အစွမ်းကုန် ကြိုးစားနေရပြီး ရခိုင်ပြည်နယ်ထဲက ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ စီးပွားရေးဇုန် နဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေအတွက် တရုတ်နိုင်ငံက AA တပ်တော်နဲ့ ညှိနှိုင်းမှုတွေ လုပ်နေကြတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read