Homeပြည်တွင်းသတင်းစိုးရိမ်ရေမှတ်ကျော်လာတဲ့ ချင်းတွင်းမြစ်ရေကြောင့် ဟုမ္မလင်း မြို့တခုလုံးနီးပါး ရေကြီးနစ်မြုပ်

စိုးရိမ်ရေမှတ်ကျော်လာတဲ့ ချင်းတွင်းမြစ်ရေကြောင့် ဟုမ္မလင်း မြို့တခုလုံးနီးပါး ရေကြီးနစ်မြုပ်

၇ ဇူလိုင်၊ ၂၀၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှာ ဇူလိုင်လ ပထမပတ်အတွင်း ချင်းတွင်းမြစ်ရေ တဖြည်းဖြည်း မြင့်တက်လာပြီး စိုးရိမ်ရေမှတ်အထက် ၃ ပေကျော် ရောက်ရှိလာတာကြောင့် မြို့တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသခံတွေက သိရပါတယ်။

ဟုမ္မလင်းနဲ့ နမ့်တော၊ နောင်ပိုအောင် အကုန်လုံး ရေမြုပ်နေပြီး ဖုန်းတိုင်တွေလည်း ရေမြုပ်နေလို့ ဆက်သွယ်လို့ မရတော့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မြန်မာနိုင်ငံ အထက်ပိုင်းဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ မိုးများနေတဲ့အတွက် ဧရာဝတီနဲ့ ချင်းတွင်းမြစ်အနီး ပတ်ဝန်းကျင်က မြို့ရွာတွေမှာ နေထိုင်တဲ့သူတွေ မြစ်ရေကြီးမှု အခြေအနေတွေကို သတိထား စောင့်ကြည့်ဖို့ အကြံပြုပါတယ်။

ဟုမ္မလင်းမြို့ရဲ့ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ဟာ ၂၉၀၀ စင်တီမီတာ ဖြစ်ပြီး မိုးဇလရဲ့ ဇူလိုင် ၇ ရက် မနက် ၆ နာရီခွဲ ရေတိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ ၃၀၈၆ စင်တီမီတာ ရောက်ရှိတာကြောင့် ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၃ ပေကျော်မှာ တည်ရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read