Homeပြည်တွင်းသတင်းမိုးကုတ်မြို့က စစ်ရှောင်တွေ ဇရပ်ကွင်းနဲ့ လဲကျတို့မှာ ထောင်ချီပိတ်မိနေ

မိုးကုတ်မြို့က စစ်ရှောင်တွေ ဇရပ်ကွင်းနဲ့ လဲကျတို့မှာ ထောင်ချီပိတ်မိနေ

၇ ဇူလိုင်၊ ၂၀၂၄

မိုးကုတ်မြို့က စစ်ရှောင်လာတဲ့ ဒေသခံတွေ ဇရပ်ကွင်းရွာအနီးနဲ့ လိပ်ကျချောင်းဒေသအနီးတို့မှာ ပိတ်မိနေတာ လေး၊ ငါးရက် ရှိနေပြီလို့ လက်ရှိပိတ်မိနေတဲ့ ဒေသခံတွေက ဆိုပါတယ်။

မိုးကုတ်မှာ စစ်ဖြစ်တဲ့အချိန်ထဲက လမ်းတွေပိတ်ဆို့နေတာကြောင့် မိုးကုတ် မန္တလေးလမ်းအတိုင်း စုန်ဆင်းလာတဲ့ကားတွေဟာ ပိတ်မိနေကြပါတယ်။

မတ္တရာဘက်နဲ့ ကျောက်မဲဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ခရီးသွားကားတွေ ရက်ကြာပိတ်မိနေကြတာ ဖြစ်ပါတယ်။

မိုးကုတ်မှ ဆင်းလာတဲ့ ကားတွေဟာ ချောင်းကြီး၊ ကျည်တောက်ပေါက်စတဲ့ နေရာတွေမှာလဲ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဘေးလွတ်ရာရွာတွေမှာ ခိုနေရပါတယ်။

“ကလေးတွေ ပါရင်တော့ ကျောက်ဖားဂိတ်က ပြောပြီး ဖြတ်လို့ရတယ်၊ ပြောရရင် မိုးကုတ်ထဲမှာနေတာက ပိုအဆင်ပြေမယ်လို့တောင် တွေးမိတယ်၊ တချို့ကားတွေ အောင်ချမ်းသာဘက်မှာ ပိတ်မိနေတာ ၅ရက်ရှိပြီ၊ ကျွန်တော်တို့ကတော့ ၃ရက်ရှိပြီ ၊ မန်းရောက်ရင်လည်း နေစရာကအစ ပြန်စီစဥ်ရဦးမယ်” လို့ အောင်ချမ်းသာရွာနားပိတ်မိနေသူ တစ်ဦးက ပြောပါတယ်။

ချောင်းကြီးနားက ကျောက်ဖြူရွာမှာလဲ မိုးကုတ်စစ်ရှောင်တွေ ပိတ်မိနေတာ ၆ရက်လောက် ရှိနေပြီလို့ သိရပါတယ်။ စစ်ရှောင်တွေကော ဒေသခံရွာတွေကော ကားလမ်းတွေပိတ်နေတဲ့အတွက် ကုန်ကားတွေ မတက်လာနိုင်ဘဲ စားသောက်ကုန်တချို့ ပြတ်လပ်နေပြလို့ ဒေသခံတွေက ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read