Homeပြည်တွင်းသတင်းကမ္ဘာ့ငြိမ်းချမ်းရေး အသိပညာပေးဗုဒ္ဓဘာသာရဟန်းတော်များ မိုင် ၂၃၀၀ လမ်းလျှောက်ပြီး စံချိန်တင်

ကမ္ဘာ့ငြိမ်းချမ်းရေး အသိပညာပေးဗုဒ္ဓဘာသာရဟန်းတော်များ မိုင် ၂၃၀၀ လမ်းလျှောက်ပြီး စံချိန်တင်

၃ ဖေဖော်ဝါရီ ၂၀၂၆

ဗုဒ္ဓဘာသာရဟန်းတော်အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာတဝန်း ငြိမ်းချမ်းရေး၊ မေတ္တာနဲ့ ကရုဏာ အကြောင်း အသိပညာပေးဖို့ မိုင် ၂၃၀၀ ရှည်လျားတဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်မှာ ပါဝင်ခဲ့ပြီး စံချိန်တင်နိုင်ခဲ့တယ်လို့ CNBC သတင်းက ဖော်ပြပါတယ်။

တက္ကဆက်ပြည်နယ် ဖို့ဝါ့သ်မြို့ ကနေ ဝါရှင်တန်ဒီစီ ကို ဦးတည်ပြီး ခြေကျင်ကြွချီတော်မူနေတဲ့ ဓမ္မစေတီဆရာတော်ဘုရားတွေ၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ဟာ ဖေဖော်ဝါရီ ၂ ရက်မှာ ဗာဂျီးနီးယားပြည်နယ် ကို ရောက်ရှိလာခဲ့ပြီး ခရီးစဉ်စတင်ခဲ့တာ ၁၀၁ ရက်တိတိ ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ဗာဂျီးနီးယားပြည်နယ် ဘုရင်ခံ အဘီဂေးလ် စပန်ဘာဂါ နဲ့ ရစ်ခ်ျမွန် မြို့တော်ဝန် ဒန်နီ အာဗူလာ တို့က မြို့အဝင်မှာ ဆရာတော်တွေကို ကိုယ်တိုင်ကြိုဆိုခဲ့ကြပြီး ဖေဖော်ဝါရီ ၂ ရက်ကို ဗာဂျီးနီးယားပြည်နယ်ရဲ့ “Walk for Peace Day” (ငြိမ်းချမ်းရေးလမ်းလျှောက်နေ့) အဖြစ် တရားဝင် သတ်မှတ်ကြေညာခဲ့တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်မှာ ပါဝင်တဲ့ ရဟန်းတော် ၁၈ ပါး ဟာ သုံးလနီးပါးကြာ ခရီးစဉ်တလျှောက် လှဲလျောင်းအိပ်စက်ခြင်း မပြုဘဲ၊ ဖိနပ်မဝတ်ဘဲ လမ်းလျှောက်တဲ့ ဗုဒ္ဓဘာသာဓလေ့ကို လိုက်နာကြတယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်ကို ရဟန်းတော် ပဉ္ညကာရ ဦးဆောင်ခဲ့ပြီး လမ်းတလျှောက် ပြင်းထန်တဲ့ ဒဏ်ရာရမှု မရှိဘဲ ခရီးစဉ်ကို ဆက်လက် ကျော်လွှားလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်တွေဟာ အောက်တိုဘာ ၂၆ ရက် မှာ ဖို့ဝါ့သ်မြို့ရှိ ဗီယက်နမ်ဗုဒ္ဓဘာသာဘုရားကျောင်း တစ်ခုကနေ စတင်ထွက်ခွာခဲ့ပြီး လူဝီစီယားနား၊ မစ္စစ္စပီ၊ အလာဘားမား ပြည်နယ်တွေကို ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး