Homeပြည်တွင်းသတင်းရန်ကုန်- မော်လမြိုင်လမ်းမှာ ရပ်ထားတဲ့ ကုန်တင်ယာဥ်ကို Probox ယာဥ်ကတိုက်မိပြီး ၃ ဦးသေဆုံး

ရန်ကုန်- မော်လမြိုင်လမ်းမှာ ရပ်ထားတဲ့ ကုန်တင်ယာဥ်ကို Probox ယာဥ်ကတိုက်မိပြီး ၃ ဦးသေဆုံး

ဇန်နဝါရီ ၂၀၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ရန်ကုန်- မော်လမြိုင် လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆/၄) ဖာလုံနေရာမှာ လမ်းဘေးမှာရပ်ထားတဲ့ ၂၂ ဘီးကုန်တင်ယာဉ်ကို Probox ယာဉ် ၁ စီးက ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပြီး ၃ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၇ ရက် ည ၁၁နာရီကျော်အချိန်က ဖြစ် ပွားခဲ့တာဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် Probox ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် ကျား(၂)ဦး(‌သေဆုံး)၊ မ(၁)ဦး (သေဆုံး)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

သတင်းရရှိတာကြောင့် ဝေါမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင်များကကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာသူတွေကို ဝေါပရဟိတ လူမှုကူညီရေးအသင်းသူနာတင်ယာဉ်နဲ့ ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး