Homeပြည်တွင်းသတင်းနှစ်သစ်မှာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးလုပ်ကြဖို့ ဘက်နှစ်ဖက်စလုံးကို Hands Of Peace အဖွဲ့တောင်းဆို

နှစ်သစ်မှာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးလုပ်ကြဖို့ ဘက်နှစ်ဖက်စလုံးကို Hands Of Peace အဖွဲ့တောင်းဆို

ဇန်နဝါရီ ၂၀၂၆

နှစ်သစ်မှာ မြန်မာပြည်ငြိမ်းချမ်းရေးအ တွက် တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးလုပ်ကြဖို့ စစ်တပ် နဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားပါဝင်တဲ့ ငြိမ်းချမ်းရေးကမ်းလက်များ( Hands Of Peace )အဖွဲ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁ရက်နေ့က ဂျပန်နိုင်ငံ အိုဆာကာမြို့မှာကျင်းပပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲအတွင်း တောင်းဆိုချက်တွေက အာဏာသိမ်းမြန်မာစစ်အုပ်စုနဲ့ တော် လှန်ရေးလက်နက်ကိုင်အဖွဲ့အသီးသီးကို ရည်ရွယ်တောင်းဆိုလိုက်တာဖြစ်ပါတယ်။

စစ်အုပ်စုကိုတောင်းဆိုတဲ့အချက်တွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ ရေးအကျဉ်းသားတွေကိုအမြန်ဆုံးလွှတ် ပေးဖို့ ၊ အပစ်ခတ်ရပ်စဲပြီး လေယာဉ်နဲ့ဗုံးကြဲတာတွေ တန်ပြန်ထိုးစစ်ဆင်နေတာတွေကိုချက်ချင်းရပ်တန့်ဖို့ ၊ လက်နက် ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပပေးဖို့နဲ့ ပြည်သူတွေစိုးရိမ်နေတဲ့ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မှုကို ဆိုင်းငံ့ပေးဖို့ စတဲ့ အချက်တွေပါဝင်ပါတယ်။

တဖက် တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုတော့ အပစ်ခတ်ရပ်စဲကြောင်းကြေ ညာပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေကို ရပ်တန့်ပေးဖို့၊ တော်လှန်ရေးအဖွဲ့အ စည်းတစ်ချို့ကအတင်းအဓမ္မ တပ်သားစုဆောင်းနေတာကိုရပ်တန့်ဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေး ပူး ပေါင်းပေးဖို့ ၊ နိုင်ငံရေးသဘောတူညီမှု ရရှိရေးထက် အပစ်ခတ်ရပ်စဲရေးကို ပိုပြီးဦးစားပေးဆောင်ရွက်ရန် နဲ့ တိုင်းပြည် ပြန်လည်တည်ငြိမ်ရေးအတွက် တော် လှန်ရေးအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ကျင်းပပေးဖို့စတဲ့အချက်တွေပါဝင် ပါတယ်။

အာဏာသိမ်းစစ်အုပ်စုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြား ဘယ်ဘက်မှအ လေးသာစေရန်မဟုတ်ဘဲ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် အနာဂတ်လမ်း ကြောင်းတွေအတွက် အကျိုးအများဆုံး ဖြစ်စေတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိုဆောင်ရွက်ပေးကြဖို့ကိုလည်း ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – Hands Of Peace

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး