စစ်ခေါင်းဆောင်က ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကို ငြိမ်းချမ်းစွာလျှောက်လှမ်းသွားနိုင်ဖို ကြိုးပမ်းဆောင် ရွက်သွားကြမယ်လို့ ခရစ်ယာန်ဘာသာဝင်တွေကို စည်းရုံးခဲ့ပါတယ်။
ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်က စိန့်မေရီကာသီဒြယ် ကက်သလစ်ဘုရားကျောင်းမှာ ပြုလုပ်တဲ့ ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင် အခုလို ပြောခဲ့တာပါ။
အဲဒီအခမ်းအနားကို မြန်မာကက်သလစ်သာသနာရဲ့ ရဟန်းအမတ် ကာဒီနယ် ချားလ်စ်ဘို ဦးဆောင် ပြုလုပ်တာဖြစ်ပြီး စစ်ခေါင်းဆောင်ရော၊ ဇနီးဖြစ်သူပါ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က သူရဲ့ ခရစ္စမတ်မိန့်ခွန်းထဲမှာ ခရစ်ယာန်ဘာဝင်တွေအပါအဝင် နိုင်ငံသူ၊ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားတွေကို ငြိမ်းချမ်းဖို့ မေတ္တာပို့ခဲ့တယ်လို့ စစ်ကော်မရှင် ထုတ်ပြန်ချက်က ဆိုပါတယ်။
အခမ်းအနားတက်ရောက်လာတဲ့ စစ်ခေါင်းဆောင်ကို ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ကြိုဆိုနှုတ် ဆက်ခဲ့ပြီး တက်ရောက်လာသူတွေကို ဓမ္မတေးသီချင်းကျူး ဧချင်း “အိုသာယာသော မြန်မာပြည်တော်ကျူး” ဓမ္မသီချင်း နဲ့ စုပေါင်းသီဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာမှာ စစ်အာဏာသိမ်းမှုနောက် ဆက်တွဲဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေအတွင်း ချင်းပြည်နယ်အပါအဝင် မြန်မာ နိုင်ငံအနှံ့မှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃ သိန်းကျော်အထိရှိတယ်လို့ ခရစ်ယာအကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအောက်က အဖွဲ့ဖြစ်တဲ့ ဘာသာရေးစောင့်ကြည့်မှုဆိုင်ရာ USCIRF ကတော့ မြန်မာကို ဘာသာရေးလွတ်လပ်ခွင့်ကို စနစ်ကျချိုးဖောက်မှု ပြုလုပ်တဲ့ ‘’စိုးရိမ်စရာနိုင်ငံတစ်နိုင်ငံ’’ အဖြစ်သတ်မှတ်ဖို့ သူတို့ရဲ့ ၂၀၂၅ ခုနှစ် နှစ်လည် အစီရင် ခံစာမှာဆိုထားပါတယ်။
ဓာတ်ပုံ-MOI


