Homeပြည်တွင်းသတင်းမဲဆွယ်ရာမှာ တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းပြောဆိုခဲ့တဲ့ ပြည်သူပါတီ ကိုယ်စားလှယ်လောင်း ပုဒ်မ ၅၈(ဂ) ဖြင့် အမှုဖွင့်ခံရ

မဲဆွယ်ရာမှာ တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းပြောဆိုခဲ့တဲ့ ပြည်သူပါတီ ကိုယ်စားလှယ်လောင်း ပုဒ်မ ၅၈(ဂ) ဖြင့် အမှုဖွင့်ခံရ

၂၀ ဒီဇင်ဘာ ၂၀၂၅

စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာ တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းထည့်သွင်းပြောဆိုခဲ့တဲ့ ပြည်သူပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဆိုသူကို ပုဒ်မ ၅၈(ဂ)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ပါတီနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ) ဆိုတာဟာ နည်းဥပဒေများပါ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက် တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုတဲ့ ပုဒ်မတစ်ခုဖြစ်ပါတယ်။

ဦးလွင်မြင့်ဟာ ပြည်သူ့ပါတီက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းတစ်ဦးဖြစ်ပြီး၊ ဒီဇင်ဘာ ၁၇ ရက် မနက် ၉ နာရီမှာ စစ်ကောင်စီက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ညပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးက အာမခံနဲ့ ပြန်လည်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

သူဖမ်းဆီးခံရတာဟာ စစ်လော်ဘီ နောင်တော်လေးအပါအဝင် ၆ ဦးက ရွေး ကောက်ပွဲကော်မရှင်ကို တိုင်ကြားတာကြောင့် အခုလိုဖမ်းဆီးစစ်ဆေးတာလို့ သိရပါတယ်။ ဦးလွင်မြင့်ဘက်လည်း နောင်တော်လေးကို လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူပေးဖို့ စာနယ်ဇင်းကောင် စီကို ပြန်လည်တိုင်ကြားထားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က ဖွဲ့စည်းပေးထားတဲ့ စာနယ်ဇင်းကောင်စီက နှစ်ဖက်စလုံးကို ခေါ်ယူပြီး ညှိနှိုင်းခဲ့ရာ ပြေလည်သွားခဲ့ပြီးနောက် ဒီဇင်ဘာ ၇ ရက်မှာ သတင်းထောက်အမည်ခံစစ်တပ်လော်ဘီ နောင်တော်လေး အပါအဝင် ၆ ယောက်က ဦးလွင့်မြင်ကို UEC ကို ထပ်မံတိုင်ကြားခဲ့တာပါ။

စစ်အုပ်စုရဲ့သတင်းထောက်အမည်ခံ ဝါဒဖြန့်သူ တွေရဲ့လုပ်ရပ်ကြောင့် PPP ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၊ ရခိုင်သားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင် နဲ့ လေဘာပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရတို့ကို UEC က ကိုယ်စားလှယ်အဖြစ်က ရပ်နားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး