Homeပြည်တွင်းသတင်းကမ္ဘာ့အကြီးဆုံး အမေရိကန် Chubb Life Insurance ကုမ္ပဏီ လုပ်ငန်းလိုင်စင်ပြန်အပ်ပြီး မြန်မာနိုင်ငံမှအပြီး ထွက်ခွာတော့မည်

ကမ္ဘာ့အကြီးဆုံး အမေရိကန် Chubb Life Insurance ကုမ္ပဏီ လုပ်ငန်းလိုင်စင်ပြန်အပ်ပြီး မြန်မာနိုင်ငံမှအပြီး ထွက်ခွာတော့မည်

၁၈ ဒီဇင်ဘာ ၂၀၂၅

စစ်အာဏာသိမ်းဖြစ်စဉ်ကြောင့် ကမ္ဘာ့အကြီးဆုံး အမေရိကန် Chubb Life Insurance ကုမ္ပဏီအနေနဲ့ လုပ်ငန်းလိုင် စင်ပြန်အပ်ပြီး မြန်မာနိုင်ငံကနေ အပြီး ထွက်ခွာတော့မယ်လို့ ပေါက်ကြားလာတဲ့ ရုံးစာအရတွေအရ သိရပါတယ်။

Chubb Life Insurance ကုမ္ပဏီဟာ NLD အစိုးရလက်ထက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး၊ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ စိန်ခေါ်မှု

တွေကို မကျော်လွှားနိုင်တော့တာကြောင့်မြန်မာနိုင်ငံက ရုံးတွေပိတ်သိမ်းပြီး ထွက်ခွာသွားဖို့ စစ်ကော်မရှင်ဆီကို တင်ပြလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

Chubb Life Insurance Myanmar အနေနဲ့ အာမခံထားသူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်မှုမဖြစ်ပေါ်စေဖို့နဲ့ လျှော်ကြေးဖြစ်ပေါ်မှုတွေကိုကာကွယ်နိုင်ဖို့အတွက် ရောင်းချထားပြီးတဲ့ အာမခံပေါ်လစီတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေစပြီးရပ်ဆိုင်းဖျက်သိမ်းသွားမယ်လို့ လည်း ဆိုပါတယ်။

ဒါ့အပြင် အကျုံးဝင်တဲ့ အာမခံပေါ်လစီပိုင်ရှင်တွေအတွက် အာမခံ ပေါ်လစီတွေကို ဖျက်သိမ်းပြီး၊ ပေးသွင်းထားပြီးဖြစ်တဲ့ ပရီမီယံတွေရဲ့၁၀၀ ရာခိုင်နှုန်းကို ပြန်လည်ပေးအပ်တာ၊ ခုနှိမ်ပြန်လည်ပေး အပ်တာတွေ လုပ်ဆောင်ပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

ဒါ့ကြောင့် NLD အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ လုပ်ငန်းလိုင်စင်ကို ပြန် လည်အပ်နှံပြီး Chubb Life Insurance ရဲ့ နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံးကိုလည်း အပြီးပိတ်သိမ်းတော့မယ်လို့ဆိုထားပါတယ်။

အမေရိကန်အခြေစိုက် Chubb Life Insurance ကုမ္ပဏီဟာ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံအတွင်း ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ အသက်အာမခံလုပ်ငန်း လုပ် ကိုင်ခွင့်လိုင်စင်ကိုရရှိခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာရုံးခွဲကိုလည်း ဖွင့်လှစ်ပြီးစတင်လည်ပတ်ခဲ့တာပါ။

Chubb ဟာကမ္ဘာ့အကြီးဆုံး အများပိုင် ပစ္စည်းနဲ့ ထိခိုက်နစ်နာမှု (P&C) ဆိုင်ရာ အာမခံကုမ္ပဏီကြီးတာနဲ့အညီ အမေရိကန်ပြည်ထောင်စုတွင် ထိပ်တန်းအာမခံလုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။

ကုမ္ပဏီဟာ ကမ္ဘာ့နိုင်ငံပေါင်း ၅၄ နိုင်ငံမှာအာမခံ လုပ်ငန်းတွေလုပ်ကိုင်နေပြီး Chubb အာမခံကုမ္ပဏီဟာ စီးပွားရေးနဲ့တစ်ဦးချင်းဆိုင်ရာ ပစ္စည်း၊ ထိခိုက်နစ်နာမှု အာမခံ၊ တစ်ကိုယ်ရေ မတော်တဆမှု၊နောက်ဆက်တွဲ ကျန်းမာရေးအာမခံ၊ အာမခံတစ်ဆင့်ပြန်ထားတာနဲ့ အသက် အာမခံဝန်ဆောင်တာတွေကို ပေးအပ်လျက်ရှိတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Chubb ကုမ္ပဏီဟာ ကမ္ဘာတစ်ဝန်းအမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါး တန်ကြေးရှိတဲ့ ကုမ္ပဏီကြီးဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း အာမခံပရီမီယံကြေး အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံ ရရှိခဲ့တယ်လို့ ကုမ္ပဏီရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်‌ကနေ သိရပါတယ်။

Chubb ကုမ္ပဏီဟာ ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ်နဲ့ကမ္ဘာ့ထိပ်တန်းမြို့ကြီးတွေမှာအမှုဆောင်ရုံးတွေကိုဖွင့်လှစ်ထားရှိပြီး ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းပေါင်း ၃၄,၀၀၀ ခန့်အပ်ထားတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးလည်းဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး