မြန်မာဟာ ကမ္ဘာ့မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ထိခိုက်မှုအများဆုံးဖြစ်နေတယ်လို့ ကမ္ဘာ့မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့က ဒီဇင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီ မြေမြှုပ်မိုင်းတွေနဲ့စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုကြောင့်သေဆုံး၊ ဒဏ်ရာရစာရင်းမှာ မြန်မာဟာကမ္ဘာ့နံပါတ် ၁ နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ မြေမြှုပ်မိုင်းတွေနဲ့စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုကြောင့် လူ၂၀၂၉ ဦး သေဆုံးဒဏ်ရာရခဲ့ပါတယ်လို့ ဆိုပါတယ်။
တကမ္ဘာလုံးမှာမြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် သေဆုံး၊ ဒဏ်ရာရသူစုစုပေါင်း ၆၂၇၉ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တကမ္ဘာလုံးသေဆုံးဒဏ်ရာရသူဦးရေရဲ့ သုံးဆယ်ရာခိုင်နှုန်းဟာမြန်မာ နိုင်ငံကဖြစ်ပါတယ်လို့ ဆိုပါတယ်။
မြန်မာပြီးရင်ကမ္ဘာ့နံပါတ်၂ အများဆုံးနိုင်ငံက ဆီးရီးယားနိုင်ငံဖြစ်ပြီး မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် သေဆုံးဒဏ်ရာရသူ ၁၀၁၅ ဦး ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။
နောက်ပြီး အာဖဂန်နစ္စတန်က ၆၂၄ ဦး၊ ယူကရိန်းက၂၉၃ ဦးနဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေအသုံးပြုမှု ပမာဏကိုမသိနိုင်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်ရော လက်နက်ကိုင်တွေပါကျယ်ကျယ် ပြန့်ပြန့် သုံးစွဲနေကြတယ်လို့ ဆိုပါတယ်။
၂၀၂၅ အောက်တိုဘာလထိရရှိတဲ့ အစီရင်ခံစာတွေအရ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေဟာ မြို့ပေါင်း ၂၁၁ မြို့နယ်မှာရှိနေပြီး တနိုင်ငံလုံးရဲ့ ၆၄ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။
News – BNA


