Homeပြည်တွင်းသတင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာတစ်နိုင်ငံလုံးပထမဆုရှင် မောင်ကျော်သန်းလင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာတစ်နိုင်ငံလုံးပထမဆုရှင် မောင်ကျော်သန်းလင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်

ဒီဇင်ဘာ ၂၀၂၅

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံးအဆင့် ပထမရရှိခဲ့တြဲ မောင်ကျော်သန်းလင်းဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဒိုက်ဦးအကျဥ်းထောင်က‌နေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

မောင်ကျော်သန်းလင်းဟာ ပုဒ်မ ၅၀၅ (က) ၊ ၅၂(ခ) နှစ်မှုပေါင်းပြီး ဒိုက်ဦးအကျဥ်းထောင်မှာ ပြစ်ဒဏ် ၆ နှစ် ကျခံခဲ့နေရတာဖြစ်တာဖြစ်ပြီး သူဟာ စစ်ကော် မရှင်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ပုဒ်မနဲ့ ၅၁၂ ပုဒ်မဖွင့်ခံထားရသူတွေကို ပြန်လည်လွှတ်ပေးရာမှာ တပါတည်းပါဝင်လာခဲ့ဘဲ ဖြစ်ပါတယ်။

မောင်ကျော်လင်းသန်းဟာ၂၀၁၉-ခုနှစ်၊တက္ကသိုလ်ဝင်တန်းကို အလုံမြို့နယ်၊ အ.ထ.က (၄)ကနေ ဝင်ရောက်ဖြေဆိုရာ ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ရုံမကမြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ပထမဆုကိုရရှိခဲ့သူဖြစ်ပါတယ်။

သူဟာ ၈-တန်း၊ ၉-တန်း၊ ၁၀-တန်း သုံးထပ်ကွမ်းလူရည်ချွန်တစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲခံထားရသူတွေနဲ့တရားစွဲခံရ၍ တိမ်းရှောင်မှုကြောင့် ပုဒ်မ ၅၁၂ ဖြင့် အမှုဖွင့်ခံထားရသူ စုစုပေါင်း ၅,၅၈၀ ဦး တို့၏ ကြားနာစစ်ဆေးဆဲအမှုတွေကို ပိတ်သိမ်းပြီး အမှုကလွှတ်ပေးခဲ့ကာ အကျဥ်းသား ၃၀၀၀ ကျော်ကို ဆန္ဒမဲပေးနိုင်ရေးအတွက် ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး