လာမယ် နိုဝင်ဘာ ၁၄ရက်မှာ ကျရောက်မယ့် အမျိုးသားနေ့မှာ အကျဥ်းထောင်တွေကအကျဉ်းသားတွေကို လွတ်ငြိမ်းပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေသလို ဒီသတင်းထွက်ပေါ်တာနဲ့အတူ အကျဉ်းသားမိသားစုတွေကလည်း မျော်လင့်နေတယ်လို့ သိရပါတယ်။
အကျဉ်းထောင်တွေထဲမှာ အကျဥ်းသားတွေရဲ့ လူဦးရေစာရင်းတွေကို ပြီးခဲ့တဲ့တပတ်က စတင်ကောက်ယူနေတယ်လို့ သိရပြီး၊ လွတ်ငြိမ်းရှိရသ် အကျဉ်းထောင်ထဲမှာ ဒီလိုလုပ်လေ့လုပ်ထရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်မှုရှိသူတဦးက New Day Myanmar ကို ပြောပါတယ်။
“အထဲမှာက လွတ်ငြိမ်းရှိရင် အကျဉ်း သားစာရင်းတွေ ကောက်ယူတတ်တယ်။ စာရင်းကောက်ယူခံရတဲ့အကျဉ်းသားတွေကို ပြန်ကြည့်ရင် လွတ်ရက်နီးတွေများတယ်။ ဒါကတော့ ကိုယ့်အတွေ့ အကြုံအရပါ။ သူတို့(စစ်ကော်မရှင်)နဲ့ဘဲ ဆိုင်ပါတယ်။ မိသားစုကလည်းဒီလိုအသံကြားရင်တော့ မျှော်ကြတာပေါ့”လို့ သူက ဆိုပါတယ်။
ဒါအပြင်လွတ်ငြိမ်းနဲ့ မလွတ်လာခဲ့တဲ့ သူတွေအနေနဲ့လည်း အကျဉ်းထောင်စည်း ကမ်းလိုက်နာရင် လျော့ရက်ရတာမျိုးတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ အထိ ဖမ်းဆီးခံရသူ ၂၉,၀၃၀ ဦး ရှိတယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။
အဲဒီထဲက ၂၂,၁၉၇ ဦးဟာထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ (AAPP) ရဲ့ စာရင်းတွေအရ သိရပြီး ၂၀၂၅ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့က အကျဥ်းသား အကျဥ်းသူ အရေ အတွက် ၅၈၆၄ ဦးလွတ်ပေးခဲ့ပြီး၊ ဧပြီလ ၁၇ ရက်နေ့မှာ အကျဥ်းသား ကျား – မ ၄,၈၉၃ ဦးကို နောက်ဆုံးအနေနဲ့ လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ISP Myanmar


