Homeပြည်တွင်းသတင်းဗန်းမောက်မြို့နယ်က သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လွတ်ပေးခြင်းမရှိသေး

ဗန်းမောက်မြို့နယ်က သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လွတ်ပေးခြင်းမရှိသေး

၂၇ ဇွန်၊၂၀၂၄

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်က သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေး မှုကော်မတီက ဒုတိယဥက္ကဌ ဦးဆန်းဦးကို (KIA+PDF)က ဖမ်းဆီးသွားခဲ့ပြီးနောက် ရက်ပေါင်း(၂၀) ကျော်ကြာမြင့်လာခဲ့ပေမယ့် ပြန်လည်လွတ်ပေးခြင်း မရှိသေးဘူးလို့ ရှမ်းနီ သတင်းမှ ဖော်ပြလာမှုအရ သိရပါတယ်။

သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေး မှုကော်မတီက ဒုတိယဥက္ကဌ ဦးဆန်းဦးကို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က တည်းက လေးသီဘုန်းတော်ကြီးကျောင်းအတွင်း ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်နေချိန်မှာ ဗန်း မောက်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ (KIA+PDF)အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြို့နယ်သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ဦးဆန်းဦး အဖမ်းခံရတာနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ အကြောင်းအရင်းကို ယနေ့အချိန်အထိ သိရှိရခြင်း မရှိသေးပါဘူးလို့လည်း ဆိုပါတယ်။

မြို့နယ်သျှမ်းနီစာပေယဥ်ကျေးမှု ဒုတိယဥက္ကဌ ဦးဆန်းဦး အဖမ်းခံထားရတာ ရက်ပေါင်း(၂၀)ကျော် ကြာခဲ့ပေမယ့်လည်း သူ့ကို လွတ်မြောက်လာရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ အစည်း တစ်စုံတစ်ခုမှ မရှိသေးဘူးလို့ ဆိုပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းမှာ ၂၀၂၁ ခုနှစ်မှ စပြီး ၂၀၂၃ ခုနှစ်အထိ ရှမ်းနီလူငယ်တွေ ၊ ဒေသခံ သံဃာတော် တွေနဲ့ အရပ်သားတွေဖမ်းဆီးခံခဲ့ရပြီး တချို့ ပြန်လည်လွတ်မြောက်လာပေမယ့် တချို့မှာ သတ်ဖြတ်ခံခဲ့ ရတယ်လို့လည်း ဖော်ပြပါရှိပါတယ်။

ဆက်စပ် သတင်းများ

Most read