တောင်ကြီးမြို့မှာ PPP ပါတီရဲ့ ကိုယ်စားလှယ်လောင်းဆိုသူနဲ့ သားဖြစ်သူက လူတဦးကို ရိုက်နှက်လို့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
နိုဝင်ဘာ ၅ ရက် မနက် ၂ နာရီခန့်က တောင်ကြီးမြို့၊ အေးသာယာမြို့နေ PPP ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစိုင်းရွှေထီးရဲ့ နေအိမ်ရှိ ကြက်တွေကို အိမ်နီးချင်း အမျိုးသားတဦးက ခိုးယူခဲ့တာလို့ ဆိုပါတယ်။
ကြက်ဝင်ခိုးတဲ့ အမျိုးသားကို ဦးစိုင်းရွှေထီးနဲ့ သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့က တုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ရာ ဒဏ်ရာအများအပြားနဲ့ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လူသေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တဲ့ ဦးစိုင်းရွှေထီးနဲ့ သားဖြစ်သူ ၂ ဦးတို့ကို သက်သေခံတုတ်တွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဦးစိုင်းရွှေထီးဟာ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကနေ တောင်ကြီးမြို့မှာ ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။


