Amazon Web Services ရဲ့ အချက်အလက် ဆာဗာတွေကျ သွားတာကြောင့် ကမ္ဘာတဝှမ်းအသုံးပြုနေတဲ့ အပလီကေးရှင်း တွေနဲ့ Web services တွေ အသုံးပြုလို့မရတဲ့ အခြေအနေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အဲ့ဒီအထဲ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ အပလီကေးရှင်းတွေဖြစ်တဲ့ Zoom၊ Signal၊ Canva တို့လို အပလီကေးရှင်းတွေလည်း ပါဝင်ပါတယ်။
“ဒီနေ့ သင်တန်းတခုအတွက် Zoom ဝင်တာ မရကြလို့ ပြောနေတာကြားရလို့ ဝင်ကြည့်တာ မရဘူး။ ယာယီဘဲလား ခဏလားဆိုတာတော့ စောင့်ကြည့်ရမှာဘဲလို့ “ရန်ကုန်နေ ပြည်သူတဦးက New Day Myanmar ကို ပြောပါတယ်။
အသုံးပြုလို့မရတော့ တဲ့ အပလီကေးရှင်းတွေထဲမှာ ထင်ရှားတာတွေကတော့ Snapchat၊ Roblox၊ Clash Royale၊ My Fitness Pal၊ Life360၊ Clash of Clans၊ Fortnite၊ Wordle၊ Coinbase၊ Duolingo၊ Slack၊ Smartsheet၊ PokemonGo၊Epic Games၊ PlayStation Network၊ Peloton၊ Rocket League တို့ဖြစ်ပြီး တခြားသော အပလီကေးရှင်းတွေနဲ့ web servies တွေလည်း သုံးမရဖြစ်နေတယ်လို့ သိရပါတယ်။ ထပ်ပြီးလည်း တိုးလာနေတယ်လို့ ဆိုပါတယ်။
အခုလိုဖြစ်ပေါ်ရတာဟာ US-EAST-1 ဒေသမှာရှိတဲ့ ဆာဗာမှာ Error တွေဖြစ်ပေါ်နေတာကြောင့်ဖြစ်တယ်လို့ Amazon Web Services ရဲ့ တာဝန်ရှိသူ တဦးက ပြောဆိုထားပါတယ်။


