Homeနိုင်ငံတကာသတင်းပြင်သစ်လုဗ်ပြတိုက်က ရှေးဟောင်းနန်းစဉ်ရတနာတွေ ဖောက်ထွင်းခိုးယူခံရ

ပြင်သစ်လုဗ်ပြတိုက်က ရှေးဟောင်းနန်းစဉ်ရတနာတွေ ဖောက်ထွင်းခိုးယူခံရ

၂၀ အောက်တိုဘာ ၂၀၂၅

ပြင်သစ်နိုင်ငံရဲ့ နန်းစဉ် တော်ဝင်ရတနာတွေ ထားရှိတဲ့လုဗ်ပြတိုက် Apollo Gallery ပြခန်းက အဖိုးတန်ရတနာတွေကို အောက်တိုဘာ ၁၉ ရက်မှာ မျက်နှာဖုံးစွပ်လူလေးယောက်က ခိုးယူခဲ့ပြီး သရဖူတခု ပြုတ်ကျကျန်ခဲ့တယ်လို့ သိရပါတယ်။

ပြတိုက်ရှိ Apollo Gallery ပြခန်းဟာ ပြင်သစ်နိုင်ငံရဲ့ နန်းစဉ် တော်ဝင်ရတနာတွေ ထားရှိတဲ့နေရာဖြစ်ပြီး ပစ္စည်း ကိုးခုကို ခိုးယူခံခဲ့ရပေမယ့် သရဖူတခု ပြုတ်ကျကျန်ခဲ့တာပါ။

ဖောက်ထွင်းသူတွေက ကရိန်းပါကားတစီးကို အသုံးပြု၍ ပြခန်းပထမထပ် ပြတင်းပေါက်တွေကို ဖျက်ဆီးဝင်‌ရောက်ခဲ့ပြီး ရတနာများခိုးယူပြီးနောက် မော်တော်ဆိုင်ကယ်တွေနဲ့ ထွက်ပြေးလွတ်‌မြောက်ခဲ့ကြတယ်လို့ ပြင်သစ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး