Homeပြည်တွင်းသတင်းတောင်ကြီးမြို့လယ်မှာ ကြိုးတုပ်မီးရှို့ထားခံရတဲ့ အမျိုးသားအလောင်းတွေ့ရှိ

တောင်ကြီးမြို့လယ်မှာ ကြိုးတုပ်မီးရှို့ထားခံရတဲ့ အမျိုးသားအလောင်းတွေ့ရှိ

၁၇ အောက်တိုဘာ ၂၀၂၅

အောက်တိုဘာလ ၁၆ ရက် ည ၁၁ နာရီဝန်းကျင်လောက်က တောင်ကြီး၊ မြို့မရပ်ကွက်၊ စပ်စံထွန်းလမ်းပေါ် ရှိ မြို့မ လက်ဖက်ရည်ဆိုင် အနီးမှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး၏ ရုပ်အ‌လောင်းကို ကြိုး တုပ် ပြီး မီးရှို့သတ်ဖြတ်ခံရသည့် အနေအထားဖြင့် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

“ပထမသတင်းကြားတာကတော့ ထိုးသွင်းဒဏ်ရာတွေ အများကြီးနဲ့ပြောတယ်။ မီးရှို့ခံထားရတယ်လို့ လည်းပြောတယ်။ မြို့ထဲမှာတော့ အားလုံးလန့်နေကြတယ်။”လို့ တောင်ကြီး ဒေသခံ တဦးက ပြောပါတယ်။

သေဆုံးသူဟာ မည်သူ၊ မည်ဝါ ဖြစ်သည်ကို မသိရှိကြောင်းနဲ့အဆိုပါ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးကာ စဝ်စံထွန်းဆေးရုံသို့ သယ်ဆောင်သွားပြီး အခင်းဖြစ်ပွားရာနေရာအနီးက CCTV မှတ်တမ်းတွေကို လိုက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး