ကမ္ဘာကျော် KPop အဆိုတော်လီဆာကို ထိုင်းကမ္ဘာလှည့်ခရီးသွား မြှင့်တင်ရေး သံတမန်အဖြစ် ဒီကနေ့ အောင်တိုဘာ ၁၅ ရက်မှာ ထိုင်းကမ္ဘာလှည့် ခရီးသွား အာ ဏာပိုင်အဖွဲ့ (TAT)က ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
TATရဲ့အကြီးအကဲ သာပါနီ ကီယတ်ဖိုင်ဘူလ်က လီဆာဟာ ထိုင်းနိုင်ငံရဲ့ ကောင်း မွန်တဲ့ ပုံရိပ်တွေ၊ ဖော်ရွေမှုတွေကို ကမ္ဘာကြီးဆီ ကူညီမိတ်ဆက်ပေးနိုင်မယ်လို့ ယုံကြည်တာကြောင့် လီဆာကို Amazing Thailand ရဲ့ သံတမန်အဖြစ်ခန့်အပ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လီဆာဟာ ထိုင်းနိုင်ငံရဲ့ ဂုဏ်အယူရဆုံး ရင်းမြစ်တွေထဲက တစ်ခုဖြစ်သလို အထူးအောင်မြင်ပြီး လူပေါင်းများစွာကို လွှမ်းမိုးနိုင်တဲ့ လီဆာလို မိန်းက လေးက ထိုင်းနိုင်ငံရဲ့ အလှအပနဲ့ ထူးကဲတဲ့ ဝိသေသတွေအကြောင်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောပြပေးနိုင်မှာ ဖြစ်တယ်လို့လည်း သာပါနီ က မှတ်ချက်ပြုပြောကြားထားပါတယ်။
ထိုင်းရဲ့ အဓိက နိုင်ငံခြားဝင်ငွေရင်းမြစ်တစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွား လုပ် ငန်း ကျဆင်းတာတွေ ကြုံလာရပြီးနောက် ပြန်တိုးတက်လာအောင် ဘက်ပေါင်းစုံက ကြိုးစားပြီးပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
အခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လလယ်ထိ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ကမ္ဘာလှည့်ခရီးသွား အရေအတွက်ဟာ မနှစ်ကထက် ၇ ရာခိုင်နှုန်း ကျဆင်းပြီး ၂၁ သန်းလောက် ရှိခဲ့တယ်လို့သိရပါတယ်။
လီဆာဟာ တောင်ကိုရီးယား KPop ဂီတအဖွဲ့ Blackpinkနဲ့အတူ ကမ္ဘာပေါ်မှာ အ အောင်မြင်ဆုံး အနုပညာရှင်တစ်ဦးအ ဖြစ် ရပ်တည်နေသူတဦးလည်း ဖြစ်ပ့တယ်။
ကိုးကား – Bangkok Post


