ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် အတွင်းမှာ ကြိုတင်မဲပေးဖို့ ဖိအားပေးနေပြီး ငြင်းဆန်ရင် တိုက်ပိတ်ပစ်တဲ့အထိ အရေးယူဖို့ ခြိမ်းခြောက်နေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက New Day Myanmar ကိုပြောပါတယ်။
အကျဉ်းသားတွေ ကြိုတင်မဲထည့်ဖို့ ငြင်း ဆန်ရင် ကန့်ကွက်မဲအနေနဲ့ သတ်မှတ်ပြီး တိုက်ပိတ်တဲ့အပြင် ထောင်တွင်းပြစ်ဒဏ်တွေကိုလည်း ချမှတ်မယ်ဆိုပြီးကြိမ်း မောင်းနေတာမျိုးတွေရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ လူထုလက်မခံတဲ့တ ရားမဝင်ရွေးကောက်ပွဲကို မဖြစ် ဖြစ်အောင်လုပ်ဆောင်နေတဲ့အပြင် အကျဉ်း သားတွေ၊ ပြည်ပရောက်နိုင်ငံသားတွေနဲ့ ပင်စင်စားတွေဆီကနေ ကြိုတင်မဲ ကောက်ယူဖို့ လုပ်ဆောင်နေတာတွေရှိတယ်လို့ ရန်ကုန်နေပြည်သူတဦးကလည်း ဆိုပါတယ်။
“ပင်စင်စားတွေဆီကနေ ရပ်ကွက်အ လိုက် မှတ်ပူံတင်နဲ့ သန်းခေါင်းစာရင်းတွေ လာကောက်ခံတာရှိတယ်။ ဘာမှာတော့ထွေထွေထူးထူးမပြောဘူး ကြိုတင်မဲကိစ္စလို့ဘဲ ပြောသွားတယ်”လို့ ဆိုပါတယ်။
ကြိုတင်မဲထည့်ဖို့ ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေ မဲပေးဖို့ လုပ်ဆောင်တာသူ တွေနည်းနေတာကြောင့် ပုံစံ ၁၅ ဖောင်ဖြည့်ရမဲ့ ရက်ကိုထပ်တိုးထားတယ် လို့ စစ်တပ်လက်အောက်ခံ မြန်မာသံရုံးတွေက အသိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ -လူမှုကွန်ရက်


