Homeပြည်တွင်းသတင်းဘူးလက်လှဆွေက မဲစာရင်းတွေမှား ယွင်းတယ်လို့ပြောဆိုပြီး နောက်မှာ မဲစာရင်းတွေကို ၇ ရက် ထပ်မံတိုးမြှင့်ကပ်ထားမယ်လို့ UEC ထုတ်ပြန်

ဘူးလက်လှဆွေက မဲစာရင်းတွေမှား ယွင်းတယ်လို့ပြောဆိုပြီး နောက်မှာ မဲစာရင်းတွေကို ၇ ရက် ထပ်မံတိုးမြှင့်ကပ်ထားမယ်လို့ UEC ထုတ်ပြန်

၁၀ အောက်တိုဘာ ၂၀၂၅

ဘူးလက်လှဆွေက မဲစာရင်းတွေမှား ယွင်းနေတယ်လို့ ဝေဖန်ပြောဆိုပြီးနောက်မှာ မဲစာရင်းတွေကို ၇ ရက် ထပ်မံတိုးမြှင့်ကပ်ထားမယ်လို့ စစ်ကော်မရှင်လက် အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC) ကထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲဒီကြေညာချက်ကို မနေ့က အောက်တို ဘာ ၉ ရက်မှာ ကြေညာလိုက်တာဖြစ်ပြီး၊အောက်တိုဘာလ ၁၄ ရက်ကနေ အောက် တိုဘာလ ၂၀ ရက်အထိ နောက်ထပ် ၇ ရက် ထပ်မံတိုးမြှင့်ပြီး ကပ်ထားကြေညာမှာဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

အရင်က မဲစရင်းတွေကို သက်ဆိုင်တဲ့ မြို့နယ်တွေအလိုက် ပထမအကြိမ်မဲစာ ရင်းကို စက်တင်ဘာလ ၃၀ ရက်ကနေ အောက်တိုဘာလ ၁၃ ရက်အထိ ကပ် ထားကြေညာထားရာက အခုလို ရက်ထပ်မံတိုးမြှင့်လိုက်တာဘဲ ဖြစ်ပါတယ်။

UEC ရဲ့ထုန်ပုန်ချက်မှာ အကြောင်းပြထားတာကတော့ မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေဖို့နဲ့ မဲဆန္ဒရှင်တွေက လိုအပ်တဲ့တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာတွေတင်ပြရာမှာ အချိန်ပိုမိုရရှိစေဖို့အတွက် နောက်ထပ် ၇ ရက် ထပ်မံတိုးမြှင့်ပြီး ကပ်ထားကြေညာမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ်မဲစာရင်းကိုလည်း လာမဲ့နိုဝင်ဘာလ ဒုတိယအပတ်မှာ ကပ်ထားကြေညာမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး