Homeပြည်တွင်းသတင်းသန်လျင်မှာ တက္ကစီမောင်း ဦးစံသိန်းကို ဓားနဲ့ ၃၁ ချက်ထိုးသတ်ပြီး အလောင်းစွန့်ကားယူ‌ပြေးတဲ့သံသယရှိသူနှစ်ဦးဟာ အသက် ၁၇နှစ်အရွယ် လူငယ်တွေဖြစ်နေ

သန်လျင်မှာ တက္ကစီမောင်း ဦးစံသိန်းကို ဓားနဲ့ ၃၁ ချက်ထိုးသတ်ပြီး အလောင်းစွန့်ကားယူ‌ပြေးတဲ့သံသယရှိသူနှစ်ဦးဟာ အသက် ၁၇နှစ်အရွယ် လူငယ်တွေဖြစ်နေ

အောက်တိုဘာ ၂၀၂၅

သန်လျင်မှာ တက္ကစီမောင်း ဦးစံသိန်းကို ဓားနဲ့ ၃၁ ချက်ထိုးသတ်ပြီး အလောင်းစွန့်ကားယူ‌ပြေးတဲ့ သံသယရှိသူအဖြစ်ဖမ်း ဆီးခံထားရသူတွေဟာ အသက် ၁၇နှစ်အရွယ် လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ ယမန်နေ့ အောက်တိုဘာ ၈ ရက် ထုတ်ပြန်ချက်အရ ကျူးလွန်သူတွေဟာ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာ တောင်ဘက်ကွင်းနေ ထက်ရှိုင်းဇော် ၁၇နှစ်နဲ့ သုံးခွမြို့နယ်၊ ပုလဲစံပြကျေးရွာအဆောင်နေ သက်ဝေဦး ၁၇နှစ် တို့ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီသံသယရှိသူ လူငယ်နှစ်ဦးကို ဖမ်းမိနိုင်ဖို့ ဆောင်ရွက်ခဲ့ရာမှာ အောက်တိုဘာ ၆ ရက်၊ ညနေ ၅ နာရီလောက်မှာ ထက်ရှိုင်းဇော်ကို သန်လျင်မြို့နယ်၊ အမှုထမ်း ရပ်ကွက်က ဓမ္မရောင်ခြည် ဘုန်းကြီး ကျောင်းဝန်းအတွင်းမှာ အခင်းဖြစ်စဉ်က လုယက်ယူဆောင်ခဲ့တဲ့ Probox မော် တော်ယာဉ်နဲ့အတူ ဖမ်းမိခဲ့ပြီး၊ သက်ဝေဦးကိုတော့ အဲဒီနေ့ ညပိုင်းမှာ သူနေထိုင်တဲ့ အဆောင်မှာ ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သံသယရှိသူ လူငယ်နှစ်ဦးရဲ့ ဝန်ခံထွက်ဆိုချက်အရ အခင်းဖြစ်တဲအောက်တိုဘာ ၅ ရက်၊ ညပိုင်းက သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားပွဲမှာ အရက်သေစာ သောက်စားပြီးတော့ အသတ်ခံရသူ ဦးစံသိန်းမောင်းတဲ့ အဌားယာဉ်ကို စီးနင်းခဲ့ပြီး သန်လျင်-ကျိုက်ခေါက် ဘုရားကားလမ်း ဆည်မြောင်းဂုံးထိပ်အနီးအရောက် ယာဉ်မောင်းက ယာဉ်စီးခ တောင်းခံတာ နဲ့ ပတ်သက်လို့ စကားများပြီး ထက်ရှိုင်းဇော်က ယူဆောင်လာတဲ့ ကတ်ကြေးနဲ့ ထိုးရာ ယာဉ်မောင်းက ဝက်အူလှည့်နဲ့ ပြန် လည် ခုခံတိုက်ခိုက်လို့ သက်ဝေဦးကနေ ဝက်အူလှည့်ကို လုယူပြီး ပြန်လည်ထိုးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းသေဆုံးသွားတဲ့အခါ ထက်ရှိုင်းဇော်က ယာဉ်ကို မောင်းနှင်လာပြီး သီလဝါခြောက်လမ်းသွားလမ်းပေါ်အရောက် ယာဉ်မောင်းရဲ့ အလောင်းကို စွန့်ပစ်ခဲ့ကာ ယာဉ်နံပါတ်ပြား နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို စစ်ပင်ကွင်းကျေးရွာအနီးမှာ စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အသတ်ခံရတဲ့ ယာဉ်မောင်းဦးစံသိန်းရဲ့ ရုပ်အလောင်းကို အောက်တို ဘာ ၆ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်မှာ သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာ အုပ်စု အလယ်ရွာကျေးရွာ၊ သီလဝါ ခြောက်လမ်းသွားကားလမ်း မိုင်တိုင် ၈ မိုင်၊ ၇ ဖာ လုံ နဲ့ ၉ မိုင်အကြား လမ်းဝဲဘက်ခြမ်း အမှိုက်ပုံမှာ ဦးစံသိန်းကို ထိုးသွင်းဒဏ်ရာ ၃၁ ချက်နဲ့ သေဆုံးနေတာကို ပြန်လည် တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြချက်အရ သိရပါတယ်။

လတ်တလော အမှုအတွက် သန်လျင်မြို့ မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၂ နဲ့ အမှုဖွင့်ပြီး ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ယခုရက်ပိုင်းအတွင်း ဟိုတယ်တခုမှာ မိန်းကလေးငယ်တဦးကို အပိုင်းပိုင်းခုတ် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တခုလည်းဖြစ်ပွားခဲ့သေးပြီး၊ အဲဒီ ဖြစ် စဉ်မှာ ကျူးလွန်တယ်လို့ သံသယရှိသူလူငယ်နှစ်ဦးဟာ အသက် ၁၈နှစ်အရွယ်

အောင်ခန့်ကျော်ဇင် သူရဲ့ရည်းစားဖြစ်သူ

အသက် ၁၈ နှစ်အရွယ် အေမွန်အောင်ဆိုသူ မိန်းမလေးငယ်တို့ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး