မန္တလေးတိုင်း မြင်းခြံအကျဥ်းထောင်က ဦးစီးအရာရှိနဲ့ သူ့ရဲ့မိသားစုဝင်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ ဘယ်အဖွဲ့က ဖမ်းဆီးခေါ်တောင်သွားတယ်ဆိုတာကို ယနေ့ထိ မသိရသေးဘူးလို့ မြင်းခြံအကျဉ်းထောင်နဲ့ နီးစပ်သူတဦးဆီကနေ သိရပါတယ်။
“စုံစမ်းကြည့်သလောက် လက်နက်တွေကိုင်ထားတဲ့အဖွဲ့က လမ်းမှာဖြတ်ပြီး ခေါ်သွားတာလို့ သိပေမဲ့ ဘယ်သူတွေလဲဆိုတာ မသိရသေးဘူး။ စုံစမ်းနေပါတယ်။တဖက်ကလည်း အသိပေးလာမယ့်အ ချိန်ကိုစောင့်နေကြတာပေါ့”လို့ အဲဒီသ တင်းရင်းမြစ်က New Day Myanmar ကို ပြောပါတယ်။
လွန်ခဲ့တဲ့ရက် အောက်တိုဘာလ ၅ ရက်နေ့မှာ စစ်ကော်မရှင်လက်အောက်ခံ အ ကျဉ်းဦးစီးအရာရှိ ဦးဝင်းနိုင်စိုးအပါ ဇနီးဖြစ်သူ ဒေါ်နီနီဝင်း၊ မြေးဖြစ်သူ မရွန်းချယ်ရီဟိန်းနဲ့ ယာဉ်မောင်းဖြစ်သူ ဦးမင်းခန့် တို့ကိုဖမ်းဆီးခ်ေဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်
သူတို့၄ဦးဟာ သီတင်းကျွတ်ရုံးပိတ်ရက်မှာနေအိမ်ကို မြင်းခြံ-မြို့သာ-တံတားဦး- မန္တလေးလမ်းပိုင်းကနေ ပြန်လာရာမှာ
မြင်းခြံမြို့နယ် နဘူးအိုင်ကျေးရွာအနီးမှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။
အလားတူဘဲ အောက်တိုဘာလ ၁ ရက်နေ့ကလည်း ချောက်မြို့နယ် လမ်းဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဇနီးမောင်နှံ ၂ ဦးနဲ့ အငယ်တန်း မြို့ပြအင်ဂျင်နီယာ(အမျိုးသမီး) တစ်ဦးတို့လည်း တော်လှန်းရေတပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားတာရှိတယ်လို့ သိရပြီး ဒီကနေ့ထိ အဆက်အသွယ် မရသေးဘူး
လို့ သိရပါတယ်။


