ရန်ကုန်တိုင်း သန်လျင်မြို့နယ်ထဲကခြောက်လမ်းသွားလမ်းမပေါ်မှာတက္ကစီယာဉ်မောင်းတဦးကို ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန်မှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
အသတ်ခံရသူအမျိုးသားဟာသာကေတ ၃ ရပ်ကွက် ရန်ပြေ ၁၈ လမ်းအနောက်မှာနေထိုင်သူတဦးဖြစ်ပြီး မနေ့က အောက် တိုဘာ ၅ ရက် ညနေပိုင်းမှာ နေအိမ်ကနေ တက္ကစီပြေးဆွဲဖို့ ထွက်သွားရာကနေအဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။
သေဆုံးသူမောင်းနှင်တဲ့ ယာဉ်အမှတ်ဟာ BB-8983 ဖြစ်ပြီး အဲဒီပျောက်ဆုံးမှုအ တွက် သားဖြစ်သူက လူပျောက်ကြေညာထားပြီးနောက် ဒီကနေ့မှာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တာဘဲ ဖြစ်ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်က ဟိုတယ်တခုမှာ အမျိုးသမီးတဦးကို ဓားနဲ့အပိုင်းပိုင်း ခုတ်ဖြတ်ပြီး သတ်ခံထားရတဲ့ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။
စစ်တပ်အာဏာရယူထားပြီးတဲ့နောက် ပိုင်း ရန်ကုန်မြို့အပါ နေရာစုံမှာ လုယက်တာတွေ၊ လုယက်တာကနေ သတ်ဖြတ်ပစ်လိုက်တဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ် ပွားနေပြီး မြို့နေလူထုအနေနဲ့ စိုးရိမ်မှုတွေမြင့်တက်နေကာ ည ၇ နာရီနောက် ပိုင်း ရန်ကုန်မြို့ဟာ တစပြင်သဖွယ်ခြောက်ကပ်နေတာကိုတွေ့မြင်လာကြရပါတယ်။
ဓာတ်ပုံ-တိုက်ကြေ ကား Page


