ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ အမျိုးသမီးတဦးကို မုဒိမ်းပြုကျင့် မီးရှို့အလောင်းဖျောက်သူတရားခံကို ဖမ်း ဆီးရမိထားတယ်လို့ စစ်ကော်မရှင်လက် အောက်ခံ ရဲတပ်ဖွဲ့ရဲ့အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ဖော်ပြချက်အရ အေးသာယာမြို့ စက်မှုဇုန်သွားလမ်း နာရီစင်အနီးက လူမနေတဲ့ တဲတလုံးအတွင်း မီးရှို့ ဖျက် ဆီးထားတဲ့ အလောင်းတလောင်းကို အောက်တိုဘာ ၂ ရက် မနက်ပိုင်း အချိန်တွင် တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မုဒိမ်းကျင့် မီးရှို့သတ်ဖြတ်ခံရသူအမျိုး သမီးဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီးတော့ ရပ်ကွက် ၈ မှာနေထိုင်တဲ့ မိဂျမ်း (ခ)နွယ်ဇင်အေးဆိုသူဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီသေဆုံးသူ အမျိုးသမီးကို တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်နေ ခင်မင်ရင်းနှီးသူ မျိုးမင်းသူ ၄၃ နှစ်ဆိုသူက လွန်ခဲ့တဲ့ ၁၀ ရက်ခန့် ညပိုင်းမှာ သား မယားအဖြစ်ပြုကျင့်ပြီး ဦးခေါင်းကိုဝရင်းတုတ်နဲ့ နှစ်ချက်ရိုက်နှက်ကာ အ လောင်းကို ဓာတ်ဆီနဲ့အရက်လောင်းထည့်မီးရှိုအလောင်းဖျောက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ-CJ


