Homeပြည်တွင်းသတင်းအနိုင်ရလဒ်နဲ့ ကစားသမားဘဝကို စွန့်ခွာသွားခဲ့ပြီဖြစ်တဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်

အနိုင်ရလဒ်နဲ့ ကစားသမားဘဝကို စွန့်ခွာသွားခဲ့ပြီဖြစ်တဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်

အောက်တိုဘာ ၂၀၂၅

မြန်မာ့စပါးအုံမြွေလို့ တင်စာခေါ်ဝေါ်ခံရတဲ့ ကချင်တိုင်းရင်းသား MMAဖိုက်တာ အောင်လအန်ဆန်ဟာ အနိုင်ရလဒ်နဲ့ အတူ ကစားသမားဘဝကို စွန့်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၄ ရက် မနက်ပိုင်းမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ONE Fight Night ပွဲစဉ်မှာပြိုင်ဘက်ဖြစ်သူ ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန်ကာဒက်စတမ်ကို အနိုင်ယူပြခဲ့ပြီး ပရိတ်သတ်ကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။

ONE Championship ကလည်း ကစား သမားဘဝကနေ အနားယူတော့မယ့် အောင်လအန်ဆန်ရဲ့ ကစားသမားဘ၀ အမှတ်တရပုံရိပ်နဲ့ မှတ်တမ်းတွေကို ပွဲမတင်မီမှာ ဖော်ပြခဲ့ပါတယ်။

ပြိုင်ဘက် ကာဒက်စတမ်ဟာ One Championship မှာ (၁၁) ပွဲကစား (၇) ပွဲနိုင် (၄) ပွဲရှုံးထားသူဖြစ်ပြီး အောင်လအန်ဆန်က‌တော့ (၁၉) ပွဲကစား (၁၄) ပွဲနိုင်ပွဲရရှိထားသူဖြစ်ပြီး ၊ ယခုပွဲစဥ်အပါ(၁၅)ပွဲအနိုင်ရရှိပြီး သူချစ်တဲ့ ပရိတ်သတ်ကို‌ နှုတ်ဆက်ခဲ့ပြီဘဲဖြစ်ပါတယ်။

ဒီကနေ့အောင်လအန်ဆန်ရဲ့ ပွဲစဥ်ကို ရိုးရာဖိုက်တာတွေဖြစ်တဲ့ ထွန်းထွန်းမင်း၊ ဘရော်နီကာနဲ့ အခြား ရိူရာဖိုက်တာတွေ လာရောက်အားပေးကြသလို အဆိုတော် လေးဖြူ ကိုယ်တိုင် “အမဲလိုက်အက” သီချင်း သီဆိုဖျော်ဖြေပြီး ပွဲထွက်လာခဲ့တာဘဲဖြစ်ပါတယ်။

ပြိုင်ဘက် ကာဒက်စတမ်ဟာ One Championship မှာ (၁၁) ပွဲကစား (၇) ပွဲနိုင် (၄) ပွဲရှုံးထားသူဖြစ်ပြီး အောင်လအန်ဆန်က‌တော့ (၁၉) ပွဲကစား (၁၄) ပွဲနိုင်ပွဲရရှိထားသူဖြစ်ပြီး ၊ ယခုပွဲစဥ်အပါ(၁၅)ပွဲအနိုင်ရရှိပြီး သူချစ်တဲ့ ပရိတ်သတ်ကို‌ နှုတ်ဆက်ခဲ့ပြီဘဲဖြစ်ပါတယ်။

ဓာတ်ပုံ- ONE

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး