ရန်ကုန်မြို့ပန်းခြံတခုမှာ အုပ်စုဖွဲအနိုင်ကျင့်ခံရတဲ့ လူငယ်တဦးကိစ္စကို ကူညီပေးတဲ့ ဝေယံထက်ရှိန်းဆိုသူကို စစ်တပ်က ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။
ဝေယံထက်ရှိန်းကို စစ်တပ်က ဘာ့ကြောင့် ဖမ်းဆီးတယ်ဆိုတာကို ဒီကနေ့အထိမသိရသေးဘဲ၊ စက်တင်ဘာ ၂၂ နေ့မှာ CID က လာခေါ်သွားပြီး၊ တပတ်ကျော်ကြာလာတဲ့အထိ သတင်းအစအနမရရှိသေးဘူးလို့ သူနဲ့နီးစပ်အမျိုးသမီးတဦးက ဆိုထားပါတယ်
“Wai Yan Htet Shane အကြောင်းကို Update သိချင်နေကြတဲ့သူတွေအတွက်ပါ။ ယခုထိ ဝေယံသည် စစ်ဆေးမေးမြန်းခံနေရဆဲပါ ပြန်လဲမလွှတ်သေးသလို ပြင်ပနဲ့အဆက်သွယ်လဲပေးမလုပ်ကြပါဘူး ယခုကိစ္စနဲ့ပတ်သတ်ပြီး သူငယ်ချင်းတယောက်အနေဖြင့်ကော အမတယောက်အနေဖြင့်ကော ကျမ ဘက်မှ ထုတ်ဖော်ပြောကြားခြင်းမရှိသ၍ တခြားသတင်းများကိုချင့်ချိန်ယုံကြစေ ချင်ပါတယ်ရှင် စိတ်ပူနေကြတဲ့သူများကိုလဲ အမြန်ဆုံး သူ့အတွက် ကြိုးစားပေးနေကြပါတယ်လို့ပဲ ပြောချင်ပါတယ်ရှင်”လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဝေယံထက်ရှိန်းဟာ အိုင်တီနည်ပညာ ကျွမ်းကျင်သူလို့သိရပြီး၊ အဲဒီနည်းပညာကြောင့် ဖမ်းဆီးစစ်ဆေးနေသလား၊ အခြားဘယ်လို အကြောင််််််််းကြောင့် ဖြစ်တယ်ဆိုတာကိုတော့ အခုမသိရသေးဘူးလို့ သိရပါတယ်။
သူဟာ ရန်ကုန်မြို့က ပန်းခြံတခုအတွင်း ကျောင်းသားအရွယ်လူငယ်လေးတဦးကို အခြား လူငယ် ၆ ဦးနဲ့အထက်က ဝိုင်းဝန်းထိုးကြိတ်ကန်ကြောက်ခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံလာခဲ့တဲ့အပေါ် ကြားကနေကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ- Wai Yan Htet Shane


