သေဆုံးသွားပြီဖြစ်တဲ့ ကိုးကန့်သူဌေး မီရှောက်ချိန်ရဲ့ သား မီကော်ဖျင်နဲ့ မြေ မြီကြိမ်းကြိမ်းတို့ ကို တရုတ်နိုင်ငံ၊ ကျဲကျန်ပြည်နယ်၊ ဝမ်ဇူးတရားရုံးကနေ သေဒဏ်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနကဖော်ပြပါတယ်။
မီ မိသားစုအပါအဝင် လူ ၁၁ ဦးကို ဒီကနေ့ စက်တင်ဘာ ၂၉ ရက်မှာ သေဒဏ်အမိန့်ချမှတ်လိုက်တယ်တာဖြစ်ပါတယ်။
ကိုးကန့်ဒေသရဲ့ အချမ်းသာဆုံးမိသားစု လေးခုထဲက မီ မိသားစုဝင်တွေဖြစ်တဲ့ မြီရှောက်ချန်းရဲ့သား မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန့်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်းတို့ကို တရုတ်ကတရုတ်ပြည်သူတွေကို အွန်လိုင်းကနေ ငွေလိမ်တဲ့ ကျားဖြန့် လုပ်ငန်းတွေ နဲ့ အခြား ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုပြီး တရုတ်နိုင်ငံက ၂၀၂၄ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ တရုတ်ရဲတွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကိုးကန့်သူဌေး မီရှောက်ချိန်ကတော့ နိုဝင်ဘာ ၁၆ ရက်က ဝင်ရောက်ဖမ်းဆီးချိန် ပစ္စတိုသေနတ်နဲ့ သူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့ စစ်ကောင်စီ(ယခုစစ်ကော်မရှင်)က ထုတ်ပြန်ပါတယ်။
မီမိသားစုကို ၂၀၁၅ ခုနှစ်က စပြီး ဂိုဏ်းတခုအနေနဲ့ လုပ်ဆောင်ရာမှာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးခဲ့တဲ့ အတွက် နိုင်ငံတကာအဆင့်လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိလူထိခိုက်စေမှု၊ လူတွေကိုတရားမဝင်ဖမ်းချုပ်မှု၊ လောင်းကစားဝိုင်းထောင်မှု၊ မူးယစ်မှောင်ခိုကူးမှုတွေနဲ့ တရားစွဲဆိုပြီးတဲ့နောက် ၂ နှစ်နီးပါးအကြာမှာ အခုလို သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီအမှုတွဲမှာ ပါဝင်တဲ့ အခြား အမှုတွဲ တရားခံ ၂၃ ဦးကိုတော့ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကနေ အများဆုံးထောင်တသက်အထိ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။တရားရုံးက ချမှတ်ပါတယ်။
ဓါတ်ပုံ – CCTV


