Homeပြည်တွင်းသတင်းစုကလိမြို့ အ‌ခြေစိုက်စစ်ကောင်စီတပ်စခန်းကို K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

စုကလိမြို့ အ‌ခြေစိုက်စစ်ကောင်စီတပ်စခန်းကို K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

၂၄ ဇွန်၊၂၀၂၄

ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း၊ စုကလိမြို့ အ‌ခြေစိုက် စကခ (၁၃) လက်အောက်ခံ၊ ခမရ(၅၆၀) တပ်စခန်းကို K.N.L.A – ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဇွန်လ ၂၃ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။

စုကလိမြို့ အ‌ခြေစိုက် စကခ (၁၃) လက်အောက်ခံ၊ ခမရ(၅၆၀)မှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နဲ့ ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်တဲ့ တပ်စခန်းကို KNLA – ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က လက်နက်ချအညံ့ခံဖို့ မတ် လ (၂၅) ရက်နေ့ မှ မတ်လ (၃၀) ရက်အထိ စာနဲ့ သိပေး အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် ၎င်းတို့က လိုက်နာဆောင်ရွက်ချင်းမရှိတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ကရင်အမျိုသား ကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အဆိုပါတပ်စခန်းကို မတ်လ ၃၀ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့ အထိ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့မှာ တပ်စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စုကလိ တပ်စခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်း နဲ့ ဆက်စပ် ပစ္စည်းအမြောက်အများ သိမ်းဆီးရမိခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ (၆)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရပြီး (၁၄) ဦး ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်သုံ့ပန်းအဖြစ် တပ်ခွဲမှူး ဗိုလ်ကြီး ၀ဏ္ဏတိုး အပါအ၀င် (၂၁) ဦး ဖမ်းဆည်းရမိခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ပူး‌ပေါင်းတပ်ဖွဲ့မှလည်း (၁၅) ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo – KNU

ဆက်စပ် သတင်းများ

Most read