Homeပြည်တွင်းသတင်းထိုင်းပုဂ္ဂလိကဘဏ်တွေက မြန်မာနိုင်ငံသားဘဏ်အကောင့်တွေကို ပိတ်ပင်မှုတွေရှိလာ

ထိုင်းပုဂ္ဂလိကဘဏ်တွေက မြန်မာနိုင်ငံသားဘဏ်အကောင့်တွေကို ပိတ်ပင်မှုတွေရှိလာ

ဇူလိုင်၂၀၂၅

ထိုင်းနိုင်ငံ ပုဂ္ဂလိကဘဏ်တွေက မြန်မာ နိုင်ငံသားတွေ ဖွင့်လှစ်ထားတဲ့ အကောင့်အချို့ ပိတ်ပင်လာတာ၊ လွှဲပြောင်းတဲ့ ငွေသားပမာဏ ကန့်သတ်တာမျိုးတွေရှိနေတယ်လို့ ထိုင်းရောက် မြန်မာတွေထံက သိရပါတယ်။

ဒါ့အပြင် အပိတ်မခံရတဲ့ သူတွေရဲ့ ဘဏ်အကောင့်တွေထဲကို ပြည်ပနိုင်ငံတစ်ခုက လွှဲလိုက်တဲ့ငွေတွေ အကောင့်ထဲရောက်မလာတာမျိုးတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒါတင်မက ဘဏ်အကောင့်ပိတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပိတ်မိနေတဲ့ငွေတွေကို ဘဏ်ဘက်က ပြန်ထုတ်ပေးတာမျိုးမရှိလို့ အခက်ကြုံနေကြရတယ်ပြီး၊ သက်ဆိုင်ရာမြို့နယ်က ထိုင်း ရဲ စခန်းကို သွားရောက်ဖြေရှင်းရင်လည်း မလိုအပ်တဲ့ စစ်ဆေးမှုတွေ ခံရမှာကို စိုးရိမ်ကြတယ်လို့ သိရပါတယ်။

လစဉ်ငွေအဝင် အထွက်အကြိမ်ရေများတဲ့ ဘဏ်အကောင့်တွေ၊ မှတ်ပုံတင်ထားတဲ့ ထိုင်းဆင်းမ်ကတ်(ဖုန်းနံပါတ်)နဲ့ ဘဏ်အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကွဲလွဲနေတဲ့ အကောင့်တွေကို အဓိကထားပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

“အခုနှစ် Work permit သက်တမ်းတိုးထားတဲ့ သူတွေရဲ့ အကောင့်တွေက Visa ကုန်နေတာတွေ၊ ဘဏ်အကောင့်ဖွင့်တဲ့ ဖုန်းနဲ့ အဲ့ဖုန်းကို Register လုပ်ထားတာနဲ့က နာမည်မတူတာတွေ၊ နိုင်ငံခြားငွေလွှဲများရင် စိစစ်ပိတ်ချတာတွေလုပ်နေတာပါ။”လို့ ကိုယ်တိုင်ကြုံသူ တဦးက ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး