Homeပြည်တွင်းသတင်းသန်လျင်တံတားသစ်ကို ဖောက်ခွဲဖျက်စီးဖို့ စီစဉ်မှုနဲ့နောက်ထပ် တရားခံလေးဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဆို

သန်လျင်တံတားသစ်ကို ဖောက်ခွဲဖျက်စီးဖို့ စီစဉ်မှုနဲ့နောက်ထပ် တရားခံလေးဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဆို

၁၇ ဇွန်၊၂၀၂၄

သန်လျင်တံတားအသစ်ကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ဖို့ စီစဥ်ထားသူကိုးဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် ဆက်စပ် တရားခံလေးဦးကို ထက်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဇွန်လ ၁၇ ရက် ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြလာပါတယ်။

သန်လျင်တံတားသစ်ကို ဖောက်ခွဲဖျက်စီးဖို့ စီစဉ်မှုနဲ့ဖမ်းဆီးရမိထားသူတွေကို စစ်ဆေးရာကနေ သတင်း ထပ်မံရရှိတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရာကနေ အခုလိုထက်မံဖမ်းဆီးရမိခဲ့တာလို့လည်း ဖော်ပြပါ ရှိ ပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ကိုမျိုးသိန်းထွန်း၊ ကိုထက်၊ ကိုရဲဇော်ထွန်းနဲ့ ကိုရှိန်းမြင့်မိုရ်အောင်တို့ဖြစ်တယ်လို့ ဆိုထားပြီး ၎င်းတို့ကို ဇွန်လ ၁၄ ရက်နေ့က ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်းနဲ့ ၎င်းတို့ဟာ Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း စစ်ကောင်စီကဆိုထားပါတယ်။

လက်ရှိဖမ်ဆီးရမိသူတွေဟာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ ဖောက်ခွဲ မှုနှစ် ကြိမ် လုပ်ခဲ့သူတွေဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဆက်စပ် သတင်းများ

Most read