Homeနိုင်ငံတကာသတင်းထိုင်းနိုင်ငံရဲ့ ပထမဆုံး food delivery ဖြစ်တဲ့ Foodpanda ရပ်ဆိုင်း

ထိုင်းနိုင်ငံရဲ့ ပထမဆုံး food delivery ဖြစ်တဲ့ Foodpanda ရပ်ဆိုင်း

၂၃ ဧပြီ၊၂၀၂၅

ထိုင်းနိုင်ငံရဲ့ ပထမဆုံး food delivery ဖြစ်တဲ့ Foodpanda delivery Service လုပ်ငန်းရပ်ဆိုင်း သွားပြီဖြစ် တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ FoodPanda အနေနဲ့လလာမယ့် မေလ ၂၃ ရက်နေ့ကနေစပြီး အပြီးတိုင် ရပ်နားလိုက်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Foodpanda ဟာ ထိုင်းနိုင်ငံမှာ ၂၀၁၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး၊ ဘန်ကောက်မြို့တွင် စတင်လည်ပတ်ခဲ့ပြီး စတင်ချိန်က စားသောက်ဆိုင် ၅၀ ခန့်နဲ့အတူ စတင်ခဲ့ကာ ၂၀၁၆ ခုနှစ်မှာ ထိုင်းနိုင်ငံအတွင်းရှိ အဓိကမြို့တွေမှာ စားသောက်ဆိုင် ၁၆၀၀ ကျော်နှင့် ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး food delivery ကုမ္ပဏီတစ်ခု ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ – Bangkok Post

ဆက်စပ် သတင်းများ

Most read