Homeပြည်တွင်းသတင်းထိုင်းလေပိုင်နက်ကို မြန်မာစစ်လေယာဉ်ဝင်ရောက်၊ ထိုင်းက လေယာဉ်ပစ်တွေနဲ့ စောင့်ဆိုင်းနေ

ထိုင်းလေပိုင်နက်ကို မြန်မာစစ်လေယာဉ်ဝင်ရောက်၊ ထိုင်းက လေယာဉ်ပစ်တွေနဲ့ စောင့်ဆိုင်းနေ

၂၁ ဧပြီ၊ ၂၀၂၅

ထိုင်းနယ်စပ်အနီး ကန်ချနပူရီခရိုင် Baan Phu Nam Rorn အနီးမှာ ဗုံးမကြဲဖို့ ထိုင်းဘက်ကသတိပေးချက်ကို မြန်မာလေတပ်က လျစ်လျူရှုထားပြီး ဧပြီလ ၂၁ ရက် မွန်းလွဲပိုင်းက ထိုင်းလေပိုင်နက်ကို ဝင်ရောက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

KNLA ရဲ့ အဆိုအရတော့ မြန်မာလေတပ် ထိုင်းမြန်မာနယ်စပ် မြန်မာဘက်မှာ ဗုံး ၁၀ လုံးလောက်ကျဲချခဲ့တယ်လို့ ဆိုပါတယ်။

အခုတော့ ထိုင်းက သူရဲ့ လေပိုင်နက်ကို ကာကွယ်ဖို့ လေယာဉ်ပစ်အမြောက်တွေကို ထိုင်းနယ်စပ်အနီးရွေ့ပြောင်းနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read