Homeပြည်တွင်းသတင်းတရုတ်နယ်စပ်ဂိတ်တွေပိတ်တာကို အကြောင်းပြုပြီး ရွှေနဲ့ဒေါ်လာစျေးကွက် မြင့်တင်စျေးကစားနေမှုအပေါ် အရောင်းအဝယ်မလုပ်ဖို့ YGEA သတိပေး

တရုတ်နယ်စပ်ဂိတ်တွေပိတ်တာကို အကြောင်းပြုပြီး ရွှေနဲ့ဒေါ်လာစျေးကွက် မြင့်တင်စျေးကစားနေမှုအပေါ် အရောင်းအဝယ်မလုပ်ဖို့ YGEA သတိပေး

၂၅ အောက်တိုဘာ၊၂၀၂၄

လက်တလော မြန်မာ့ရွှေနဲ့ဒေါ်လာစျေးကွက်အတွင်း တရုတ်နယ်စပ်ဂိတ်တွေပိတ်တာကို အကြောင်းပြုပြီး ဒေါ်လာဈေးကစားတာတွေ လုပ်နေသလို ရွှေဈေးတွေကို ဆွဲတင်နေတာတွေရှိတာကြောင့် ကောလာဟလ သတင်းတွေကို ယုံကြည်ပြီး အရောင်းအဝယ်မလုပ်ဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က အောက်တိုဘာ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းတွေလည်း မြင့်တက် လျက်ရှိတဲ့အပေါ် တစ်ချို့သော အွန်လိုင်းကွန်ယက်တွေမှ ဒေါ်လာစျေးမတက်လျင် ရွှေစျေး သိန်း (၈၀) ဒေါ်လာ စျေးတက်လာပါက ရွှေစျေး သိန်း(၁၀၀)အထိ တက်မည်ဆိုသည့် ကောလဟာလ သတင်းများ ထုတ်လွှင့်ပြီး ရွှေစျေးကွက်ကို မြင့်တင်နေမှုများရှိတာကြောင့် ရွှေလုပ်ငန်းရှင်တွေအနေနဲ့ သတိပြုရောင်းဝယ်ကြဖို့ တိုက် တွန်းထားပါတယ်။

“ဒေါ်လာစျေးတက်လာရင်တော့ ရွှေစျေးလိုက်တက်တာက ဒီမှာက ပုံမှန်လိုဖြစ်နေပြီ အနည်းအများပဲ ကွာမယ် လက်ရှိအရောင်းအဝယ်ကတော့ ခြောက်ဆယ်ငါး ခုနှစ်ဆယ်ဝန်းကျင်နဲ့အရောင်းအဝယ်ဖြစ်နေတယ် ကျွန်တာ် တို့လို့လက်ကားဆိုင်သေးလေးတွေပေါ့ တစ်ချို့နေရာတွေလည်း ၈၀ အထိ ပေါက်တယ်ကြားတယ် ကျွန်တော်က အွန်လိုင်းကစျေးနဲ့အပြင်ပေါက်စျေးကြား ချိန်ပြီးတော့ ကြည့်ဖြစ်တယ် “လို့ မြောက်ဥက္ကလာပမြို့နယ်မှ ရွှေဆိုင် လုပ်ငန်းရှင်တစ်ဦးက New Day Myanmar ကိုပြောပါတယ်။

လက်ရှိ မြန်မာပြည် အွန်လိုင်းရွှေနဲ့ဒေါ်လာ စျေးကွက်အတွင်း ဒေါ်လာစျေးကိုလည်း အောက်တို ဘာလ ၂၄ ရက်နေ့အထိ အွန်လိုင်းကွန်ယက်တွေမှ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ၄၇၅၀ ကျပ် အထိ ဆွဲတင်နေတယ် လို့လည်း YGEA ကဆိုပါတယ်။

YGEA က ထုတ်ပြန်ထားတဲ့ အောက်တိုဘာ ၂၅ ရက် ရွှေဈေးနှုန်းက ငါးဆယ့်ခြောက်သိန်း နှစ်သောင်း ကျော် ဖြစ်ပြီး ပြင်ပပေါက်ဈေးကတော့ ခြောက်ဆယ့်ခြောက်သိန်းကျော် ဖြစ်ပါတယ်။

Photo – YGEA

ဆက်စပ် သတင်းများ

Most read